မင်္ဂလာပါ…။ ဒီတခေါက်မှာတော့ စာဖတ်ရတာကို မြတ်နိုးပြီး မိမိရဲ့ အတွေးအခေါ်တွေ၊ ခံစားချက်တွေကို စာသားတွေ ကဗျာတွေအဖြစ် ဟိုတစဒီတစရေးရတာ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ကျွန်တော်တို့ Access to Education–Myanmar မှ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းမှာ ပြုလုပ်သွားမယ့် “စာဖတ်ဝိုင်း” အမှတ်စဉ် (၂) မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအစီအစဉ်က လူငယ်တွေရဲ့ စာဖတ်ခြင်း အလေ့အထကို မြှင့်တင်ပေးနိုင်ရန်သာမက စာအုပ် တွေကို ချဥ်းကပ်ပြီး ကိုယ့်ရဲ့အမြင် နဲ့ ခံစားချက်ကို ဖွင့်ဟဆွေးနွေးတတ်တဲ့ အလေ့အထကောင်းတခုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။ ဒါ့အပြင် စာတွေ ကဗျာတွေ အတူတူ ကြိုးစားရေးကြမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် ယခုအစီအစဉ်ကို လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ စာဖတ်ဝိုင်း အစီအစဉ် အချိန်။…
Author: Admin
Liberal Arts Beyond the Classroom: A special conversation with Zin Myo Kyaw on Myanmar’s education landscape
မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ Talk Series အစီအစဥ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတကြိမ် စကားဝိုင်းကိုတော့ “Liberal Arts Beyond the Classroom” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ယခုစကားဝိုင်းမှာတော့ Liberal Arts (အနုဝိဇ္ဇာ) ပညာရေးက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြဿနာတွေကို ဖြေရှင်းရာမှာ လူငယ်တွေအတွက် ဘယ်လိုမျိုး အရေးပါလဲဆိုတာကို လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ပြီး ဆွေးနွေးသွားမှာပါ။ ဒါ့အပြင် Liberal Arts ပညာရေးဆိုတာ အတန်းစာမေးပွဲ အောင်မြင်ရေးအတွက်သာ မဟုတ်ဘဲ လူတဦးတယောက်ချင်းစီရဲ့ ပြဿနာအကြောင်းအရာတွေအပေါ် စဉ်းစားတွေးခေါ်ပုံ၊ ဆက်သွယ်ပြောဆိုပုံနှင့် လူမှုအသိုင်းအဝိုင်း တိုးတက်ပြောင်းလဲရေးအတွက် တာဝန်ယူတတ်သည့် စိတ်ထားကို ဖော်ဆောင်ပေးနိုင်တဲ့…
Information Sharing Session on Learning and Mentorship Program
Learning and Mentorship Program Batch – 3 လျှောက်လွှာခေါ်ယူနေပြီဖြစ်တဲ့အတွက် သင်တန်းကိုလျှောက်ဖို့ စိတ်ဝင်စားတဲ့လူငယ်တွေကို Information Sharing Session တက်ရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ ဒီအစီအစဉ်မှာတော့ သင်တန်းလျှောက်လွှာတင်တဲ့အခါမှာ လိုအပ်တဲ့အချက်အလက်တွေနဲ့ သိလိုတဲ့မေးခွန်းအားလုံးကို အသေးစိတ်မျှဝေဖြေကြား ပေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသူ သင်တန်းသား ဟောင်းတွေရဲ့ သင်ကြားသင်ယူမှု အတွေ့အကြုံတွေကိုလဲ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Learning and Mentorship Program Batch-3 ကိုလျှောက်ဖို့ပြင်နေတယ်ဆိုရင် ဒီ webinar ကိုတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဆွေးနွေးမည့်ခေါင်းစဉ်။ ။Learning and Mentorship Program Batch-3 Information Sharing နေ့ရက်။ ။ ၁၀ ရက်၊ မေလ၊ ၂၀၂၆။ (တနင်္ဂနွေနေ့)။ အချိန်။…
Learning and Mentorship Program အတွက် လျှောက်လွှာခေါ်ယူခြင်း
Access to Education-Myanmar မှ ဖွင့်လှစ်လျှက်ရှိတဲ့ Learning and Mentorship Program [Batch-3] အတွက် ကျောင်းသူ/ကျောင်းသားသစ်တွေကို ဝင်ခွင့်လျှောက်လွှာများ စတင်လက်ခံနေပါပြီ။ ယခုသင်တန်းအစီအစဉ်ဟာဆိုရင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အခက်အခဲအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်နည်းပါးတဲ့၊ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် ကိုယ့်ရဲ့ ပညာရေးလမ်းခရီးကို ရပ်တန့်ထားရတဲ့ လူငယ်တွေအတွက် စဥ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်တဲ့ ပညာရေး လက်လှမ်းမှီရရှိဖို့ အခွင့်အရေးကောင်းတခု ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Learning and Mentorship Program (LMP) ဟာဆိုရင် (၃) လတာ ကာလအတွင်း ကျောင်းသူ/သားတွေရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့်၊ ကွန်ရက်ချိတ်ဆက်မှုတွေအတွက်ကို ကူညီပံ့ပိုးပေးမည့် အစီအစဉ်တခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင်…
Join Our Team
ကျွန်ုပ်တို့နဲ့အတူ Learning and Mentorship Program ရဲ့အစီအစဉ်တွေမှာ ပါဝင်အားဖြည့်ပေးဖို့အတွက် Program Assistant အလုပ်သင်တစ်ဉီး ခေါ်ယူနေပါတယ်။ အလုပ်အကြောင်း အသေးစိတ်ဖတ်ရှုရန် 👇 We are seeking a Program Assistant (Intern) to work with us on the Learning and Mentorship Program at Access to Education-Myanmar. Please read the full details of the job description here: https://drive.google.com/file/d/1mEbOju_Wqtr-TxK_PI_3RCCHjNSW8ytq/view?usp=sharing
Talk Series: Rethinking Gender: A Feminist Introduction
မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ Talk Series အစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ “Rethinking Gender: A Feminist Introduction” ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်။ ကျား၊ မ ဆိုတဲ့ ဂျန်ဒါ ခွဲခြားသတ်မှတ်မှုဟာ လူ့အဖွဲ့အစည်းတွေအတွင်းမှာ ဘောင်တခုလို အချိန်ကာလ ကြာမြင့်စွာ တည်ရှိနေတာပဲ ဖြစ်နေပါတယ်။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ဒီဘောင်တွေက လူတဦးတယောက်ချင်းစီရဲ့ တကယ့်ဖြစ်တည်မှု၊ အရည်အချင်းနဲ့ စိတ်ကူးအိပ်မက်တွေကို အမှန်တကယ် ကိုယ်စားပြုနိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပုံဖော်ချက်တွေ၊ မိသားစုအတွင်းက မျှော်လင့်ချက်တွေကနေစလို့ လုပ်ငန်းခွင်ထဲက အခွင့်အလမ်းတွေအထိ ‘ကျား’ ဖြစ်လို့၊ ‘မ’ ဖြစ်လို့…
Debate Tournament 2025
It was a profound honor that we, Access to Education – Myanmar, in partnership with KOKKO Institute and KIMO Institute, successfully implemented a debate tournament using the Karl Popper Debate format from December 20th to 22nd, 2025. A total of 30 Debaters, representing 10 Debate teams from various regions, participated in the tournament—engaging in debates…
Talk Series: Education Without Fear (ကြောက်စိတ်ကင်းဝေး ပညာရေး)
မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ လစဥ်ပြုလုပ်လျှက်ရှိတဲ့ Talk Series အစီအစဥ်လေးကနေ တဖန်ကြိုဆိုလိုက်ပါတယ်။ ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ Education Without Fear “ကြောက်စိတ်ကင်းဝေး ပညာရေး” ဆိုတဲ့ ခေါင်းစဥ်ပဲဖြစ်ပါတယ်။ ပညာရေးလို့ပြောလို့ရှိရင် လူတိုင်းကို ငယ်ငယ်ကတည်းကနေ အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ ပြုပြင်ပေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခေတ်အခြေအနေတိုးတက်ပြောင်းလဲလာတာနဲ့မျှ အမြင်တွေ၊ တွေးခေါ်မှုတွေ အသစ်ဖြစ်လာသလို မေးခွန်းထုတ်စရာများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီထဲမှာ ပညာရေးက တခုအပါအဝင်ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပညာရေးရဲ့ အခြေခံလုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ အရည်အချင်းစစ်စာမေးပွဲတွေ၊ စာမေးပွဲရလဒ်တိုင်းတာမှုတွေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြောက်တရားအပေါ်အခြေခံတဲ့ သင်ကြားရေးနည်းစနစ်တွေက ၂၁ရာစုရဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ အသုံးတည့်သေးရဲ့လားဆိုတဲ့ အဖြေရှာစရာ…
Calling for Internships (Unpaid Positions)
မင်္ဂလာပါ… Access to Education Myanmar အဖွဲ့ရဲ့ လုပ်ငန်း အစီအစဉ်တွေမှာ ပါဝင်အားဖြည့်ပေးနိုင်ဖို့အတွက် Program Assistant နှင့် Teaching Assistant နေရာတွေအတွက် အလုပ်သင် ခေါ်ယူနေပါတယ်။ ယခု Internship အစီအစဉ်ဟာဆိုရင် ကျောင်းသား/လူငယ်တွအတွက် အလုပ်အကိုင် သို့မဟုတ် ပညာသင်ဆုများ လျှောက်ရာတွင် လိုအပ်တဲ့ profile ကောင်းတခု တည်ဆောက်နိုင်ရန်သာမက တကယ့်လုပ်ငန်းခွင်တွေမှာ လက်တွေ့အသုံးချနိုင်မည့် အတွေ့အကြုံနှင့် အချိတ်အဆက်ကွန်ယက်ကောင်းများ တည်ဆောက်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။ ဒါ့အပြင် အလုပ်သင်ကာလ တလျှောက်လုံးမှာလည်း မိမိ၏ ပညာရေးနှင့် အလုပ်ကိုင်အခွင့်အလမ်းများအတွက် လိုအပ်တဲ့ လမ်းညွှန်ကြီးကြပ်မှုနှင့် အထောက်အပံများကိုလည်း ပံပိုးပေးနိုင်ရန် ရည်ရွယ်ပါတယ်။ အသေးစိတ်အချက်အလက် Position ။ ။ Program Assistant (unpaid)၊ Teaching Assistant…
Learning and Mentorship Program (Batch-II) အတွက် လျှောက်လွှာများ ခေါ်ယူခြင်း
Access to Education—Myanmar မှ ဖွင့်လှစ်တဲ့ (၃) လတာ သင်တန်းအတွက် စိတ်ဝင်စားတဲ့ သင်တန်းသားအသစ်များခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသူ/ကျောင်းသား၊ လူငယ်များအတွက် အရည်အသွေးပြည့်မီသော ပညာရေးအခွင့်လမ်းကောင်းများ လက်လမ်းမီရရှိနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Access to Education—Myanmarအနေနဲ့ ကျွန်ုပ်တို့၏ ပညာရေးအစီစဉ်များမှတဆင့် 💠 စဉ်ဆက်မပြတ်လေ့လာသင်ယူလိုသူများအတွက် သင်ယူမှုအဝန်းဝိုင်းကောင်း တရပ်ဖန်တီးတည်ဆောက်သွားရန်၊ 💠 လူတိုင်းအတွက် အရည်အသွေးရှိသောပညာရေးကို လက်လှမ်းမီရရှိနိုင်စေရန်၊ 💠 ပညာရေးဖြင့် လူမှု့ဘဝတိုးတက်ပြောင်းလဲရေးကို ဖော်ဆောင်ရန်၊ ရည်ရွယ်လျှက် လက်ရှိကာလတွင် ပညာရေး တပိုင်းတစနှင့် ကျောင်းဆက်တက်ရန် အခက်အခဲဖြစ်နေသော သို့မဟုတ် လုပ်ငန်းခွင်ဝင်ရန် လေ့ကျင့်ပြင်ဆင်လိုသော လူငယ်များအတွက် Learning and Mentorship Program (၃) လကြာ အစီအစဉ်ကို…











