Access to Education—Myanmar မှ ဖွင့်လှစ်တဲ့ (၃) လတာ သင်တန်းအတွက် စိတ်ဝင်စားတဲ့ သင်တန်းသားအသစ်များခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသူ/ကျောင်းသား၊ လူငယ်များအတွက် အရည်အသွေးပြည့်မီသော ပညာရေးအခွင့်လမ်းကောင်းများ လက်လမ်းမီရရှိနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Access to Education—Myanmarအနေနဲ့ ကျွန်ုပ်တို့၏ ပညာရေးအစီစဉ်များမှတဆင့် 💠 စဉ်ဆက်မပြတ်လေ့လာသင်ယူလိုသူများအတွက် သင်ယူမှုအဝန်းဝိုင်းကောင်း တရပ်ဖန်တီးတည်ဆောက်သွားရန်၊ 💠 လူတိုင်းအတွက် အရည်အသွေးရှိသောပညာရေးကို လက်လှမ်းမီရရှိနိုင်စေရန်၊ 💠 ပညာရေးဖြင့် လူမှု့ဘဝတိုးတက်ပြောင်းလဲရေးကို ဖော်ဆောင်ရန်၊ ရည်ရွယ်လျှက် လက်ရှိကာလတွင် ပညာရေး တပိုင်းတစနှင့် ကျောင်းဆက်တက်ရန် အခက်အခဲဖြစ်နေသော သို့မဟုတ် လုပ်ငန်းခွင်ဝင်ရန် လေ့ကျင့်ပြင်ဆင်လိုသော လူငယ်များအတွက် Learning and Mentorship Program (၃) လကြာ အစီအစဉ်ကို…
Author: Admin
Meet our Facilitator of Weekly Reading Club
We are delighted to introduce our Reading Club facilitator, Sayama Nann Kyi, who believes in the power of reading to transform life. Currently, she is a final-year undergraduate student at Chiang Mai University, majoring in Social Science and Sustainable Development. 💟 Her passion for reading ignited when she volunteered as a senior librarian at the…
Talk Series: Empowering Youth to Shape the Future Through Technology
မင်္ဂလာပါ…။ Access to Education Myanmar ရဲ့ Talk Series အစီအစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတခေါက်မှာတော့ လူငယ်နဲ့ နည်းပညာဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ပြုလုပ်သွားမယ့် “Empowering Youth to Shape the Future Through Technology” ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲတစ်ခု စီစဥ်ထားပါတယ်။ ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Empowering Youth to Shape the Future Through Technologyနေ့ရက် ။ ။ နိုဝင်ဘာလ (၃၀)ရက်၊ ၂၀၂၅ (တနင်္ဂနွေနေ့)အချိန် ။ ။ မြန်မာအချိန် ည (၇) နာရီ မှ (၈း၃၀) နာရီ အထိဆွေးနွေးပွဲတွင် အသုံးပြုမည့် ဘာသာစကား ။ ။…
ဒီဘိတ်ပြိုင်ပွဲအတွက် လျှောက်လွှာများခေါ်ယူခြင်း
ယခုအစီအစဉ်ကတော့ ဒီဘိတ်ပြုလုပ်ရတာကို စိတ်ဝင်စားပြီးတော့ မိမိရဲ့ အတွေးအခေါ်၊ စကားလုံးတွေကို မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ ငြင်းခုံဆွေးနွေးပြီး အဖြေရှာလိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်တဲ့ အစီအစဥ်ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲအစီအစဥ်ကို Access to Education Myanmar, Kokko Institute, KIMO Institute တို့မှပူးပေါင်းပြီး လူငယ်တွေအကြား အချက်အလက်ကျကျ ဝေဖန် အဆိုတင်သွင်း ဆွေးနွေးသည့် ဒီဘိတ်ယဥ်ကျေးမှု ထွန်းကားစေပြီး၊ မိမိတို့၏ အမြင်သဘောထားများကို လွတ်လပ်စွာ တွေးခေါ် ထုတ်ဖော်နိုင်တဲ့ အတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါတယ်။ 💫 ဒါ့အပြင် ဒီဘိတ်ပြိုင်ပွဲမှတဆင့် အကြောင်းအရာများကို ဝေဖန်ပိုင်းခြားစိတ်ဖြာနိုင်စွမ်းနှင့် အကျိုးအကြောင်းလျော်ညီစွာ ဆင်ခြင်သုံးသပ်နိုင်စွမ်း စသည့် စွမ်းရည်များ တိုးတက်လာရန် အထောက်အကူပြုနိုင်ရန်သာမက၊ လူငယ်များအချင်းချင်း အသိပညာ၊ အတွေ့အကြုံနှင့် အခွင့်အလမ်းကောင်းများကို မျှဝေနိုင်သည့် ကွန်ယက်ချိတ်ဆက်ခြင်းများ…
Reading Club : Calling For Participants
မင်္ဂလာပါ။ Access to Education—Myanmar မှ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းမှာ ပြုလုပ်သွားမယ့် “စာဖတ်ဝိုင်း” လေးမှာ ပါဝင်ဖို့ စိတ်ဝင်စားသူ များကို ဖိတ်ခေါ်လိုက်ပါတယ်။ မိမိအနေနဲ့ စာဖတ်တဲ့ အကျင့်လေးကို ဝါသနာတူ သူငယ်ချင်းတွေနဲ့အတူ စုပြီး ပုံမှန် လုပ်ဆောင်သွားလိုတယ်ဆိုရင်တော့ ဒီအစဉ်လေးကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ စာဖတ်ဝိုင်း အစီအစဉ် အချိန် ။ ။ မြန်မာအချိန် ညနေ ၆း၃၀ နာရီမှ ည ၈း၀၀ နာရီ အထိ။ နေ့ရက် ။ ။ …
Call for Applications
အသိသစ်၊ အတွေးသစ်၊ အမြင်သစ်တွေဆီမှ အတွေ့အကြုံအသစ်များ ဆီသို့ အားလုံးပဲ မင်္ဂလာပါ။ သင်က သစ်လွင်တဲ့အတွေးအခေါ်၊ အသိအမြင်တွေကနေ အသစ်သစ်သော အတွေ့အကြုံတွေကို ရှာဖွေရင်း ကိုယ်ရဲ့ Skills နဲ့ Networking ကို ချဲ့ထွင်ချင်တဲ့ လူငယ်တယောက်လား။ မိမိရဲ့စကားပြောစွမ်းရည်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း တွေကိုမြှင့်တင်ချင်လား။ ဒါဆိုရင်တော့ အခုဘဲ သင့်ရဲ့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ပေးမယ့် ဒီဘိတ်ပရိုဂရမ် တခုကို ယူဆောင်လာပြီပဲ ဖြစ်ပါတယ်။ ပရိုဂရမ်အမည် ။ ။ Karl Popper Debate Lab နေရာ ။ ။ အွန်လိုင်း (Zoom) သင်တန်းကာလ ။ ။ နိုဝင်ဘာလ (၁) ရက်နေ့မှ…
စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ် အသိပေးချက်
ဒီအပတ်ရဲ့ စကားဝိုင်းမှာတော့ “Dare to Begin: Building a Growth Mindset for Success” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးသွားမှာဖြစ်တဲ့အကြောင်း ထပ်မံအသိပေးလိုပါတယ်။ မျှဝေပေးမဲ့သူကတော့ “SHEowner Business” ရဲ့ ဦးဆောင်တည်ထောင်သူဖြစ်တဲ့ [Sayama] San Yi ဖြစ်ပြီး၊ ဆရာမဟာ လူငယ်တွေနဲ့ စွန့်ဦးတည်ထွင် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေအတွက် စီးပွားရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတတွေအပြင် လုပ်ငန်းပိုင်းဆိုင်ရာခေါင်းဆောင်မှု သင်တန်းပို့ချခြင်းတွေနဲ့ ထိရောက်တဲ့ အကြံပေးခြင်းတွေကို ထဲထဲဝင်ဝင် လုပ်ဆောင်နေသူ တဦးဖြစ်ပါတယ်။ စိတ်ပါဝင်စားပြီး တက်ရောက်လိုပါက အောက်ဖော်ပြပါ [https://forms.gle/sqgWa6PPSQf9CE3P8] လင့်ကတဆင့် အောက်တိုဘာလ (၁၁) နေ့၊ မြန်မာအချိန်ည ၈နာရီနောက်ဆုံးထားပြီး စားရင်းပေးသွင်းထားနိုင်ပါတယ်။ ဆွေးနွေးမည့်ခေါင်းစဉ်။ ။ “Dare to…
Dare to Begin: Building a Growth Mindset for Success
မင်္ဂလာပါ…။ Access to Education-Myanmar မှ ကျောင်းသူကျောင်းသား လူငယ်များအတွက် စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိရန် တထောင့်တနေရာမှ အားထုတ်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီအပတ်ရဲ့ စကားဝိုင်းမှာတော့ “Dare to Begin: Building a Growth Mindset for Success” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာတော့ “Growth Mindset” ဆိုတာ ဘာလဲ။ အခက်ခဲတွေ၊စိန်ခေါ်မှုတွေကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းမလဲ။ ကိုယ့်ရဲ့ အားနည်းချက်၊အားသာချက်၊ စိတ်ဝင်စားမှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေမလဲ။ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ အခက်ခဲ အကြပ်တည်း အတွင်းမှ ကိုယ့်ရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ ကိုယ့်ဘဝရည်မှန်းချက်အတွက် လမ်းဖောက်နေတဲ့ လူငယ်တွေအတွက် ရည်ရွယ်စီစဥ်ထားတဲ့ စကားဝိုင်းအစီအစဉ် ဖြစ်ပါတယ်။ ဆွေးနွေးမျှဝေပေးမည့်သူဖြစ်တဲ့…











