မင်္ဂလာပါ…။ ဒီလအတွက် Access to Education – Myanmar ရဲ့ လစဉ်စကားဝိုင်းဆွေးနွေးပွဲကိုတော့ “Space, Equality and Inclusion: Understanding Race, Privilege and Social Transformation” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းမှာ ယနေ့ခေတ် လူမှုအသိုင်းအဝိုင်းတွေမှာ တွေ့မြင်နေရတဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင်၊ ဘာသာစကားနဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာတို့ရဲ့ မတူကွဲပြားမှုတွေကြားမှာ Equality (တန်းတူညီမျှမှု)၊ Equity (မျှတမှု) နဲ့ Inclusion (အားလုံးပါဝင်နိုင်ရေး) ဆိုတဲ့ အယူအဆတွေဟာ ဘာကြောင့် အရေးကြီးလာသလဲ၊ အာဏာ၊ အခွင့်ထူး (Privilege) နဲ့ သမိုင်းကြောင်းအရ ဖြစ်ပေါ်ခဲ့တဲ့ မညီမျှမှုတွေက လူတွေရဲ့ အခွင့်အလမ်းနဲ့ အတွေ့အကြုံတွေကို ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လူမျိုး (Race) ဟာ ဇီဝဗေဒဆိုင်ရာ အမှန်တရားတခုထက် လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ တည်ဆောက်ထားတဲ့ အယူအဆတခုဖြစ်ကြောင်း၊ လူမျိုးကြီးဝါဒ (Racial Supremacy)၊ အဖွဲ့အစည်းဆိုင်ရာ ခွဲခြားဆက်ဆံမှု၊ မသိစိတ်ကနေဖြစ်ပေါ်လာတက်တဲ့ ဘက်လိုက်မှု (Unconscious Bias) နဲ့ အထူးအခွင့်အရေး (Privilege) ဆိုတာတွေက လူမှုအသိုင်းအဝိုင်းအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ထို့အပြင် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတွေရဲ့ မူဝါဒရေးဆွဲခြင်းနဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်တွေမှာ Equality၊ Equity နဲ့ Inclusion ကို ဘယ်လို ထည့်သွင်းအကောင်အထည်ဖော်နိုင်မလဲ၊ လူတိုင်းအတွက် အဓိပ္ပာယ်ရှိရှိနဲ့ ပါဝင်နိုင်တဲ့ အသိုင်းအဝိုင်းတစ်ခုကို ဘယ်လို တည်ဆောက်နိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးမျှဝေပေးမည့်သူ ဆရာ Jesua Lynn ဟာ University of Manchester မှ Peace and Conflict Studies ဘာသာရပ်ဖြင့် Master of Arts ဘွဲ့ကို ရရှိထားသူဖြစ်ပြီး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု (Peacebuilding)၊ Equality၊ Inclusion၊ Governance၊ Conflict Dynamics နဲ့ Social Transformation ဆိုင်ရာ သုတေသနလုပ်ငန်းတွေကို လုပ်ကိုင်လာသူ ဖြစ်ပါတယ်။
ဆရာ Jesua Lynn ဟာ Inclusion၊ Equality၊ Governance နဲ့ Conflict Dynamics ဆိုင်ရာ Academic Journal နဲ့ Policy Brief တွေကို ရေးသားထုတ်ဝေခဲ့ပြီး၊ ယခင်က Chulalongkorn University နဲ့ Chiang Mai University တွေမှာလည်း သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တက္ကသိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သုတေသနနဲ့ လေ့ကျင့်သင်ကြားရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
ဒီစကားဝိုင်းမှာတော့ Equality၊ Equity နဲ့ Inclusion စတဲ့ လူမှုစံတန်ဖိုးတွေကို လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လို အကောင်အထည်ဖော်နိုင်မလဲ၊ Race၊ Privilege နဲ့ Systems of Power တို့ကို နားလည်ခြင်းက ပိုမိုမျှတပြီး အားလုံးပါဝင်နိုင်တဲ့ လူမှုအသိုင်းအဝိုင်းတခု တည်ဆောက်ရာမှာ ဘာကြောင့် အရေးကြီးသလဲဆိုတာကို ဆရာ့ရဲ့ သုတေသနအတွေ့အကြုံတွေ၊ လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Space, Equality and Inclusion: Understanding Race, Privilege and Social Transformation
နေ့ရက်။ ။ (၁၉) ရက်၊ ဇူလိုင်လ၊ ၂၀၂၆။ (တနင်္ဂနွေနေ့)။
အချိန်။ ။ မြန်မာအချိန် ည (၆း၃၀)နာရီ။
နေရာ။ ။ အွန်လိုင်း (Zoom)။
ဆွေးနွေးမည့်ဘာသာစကား။ ။ မြန်မာ
စာရင်းပေးရန်လင့်။ ။ https://forms.gle/3cCGLJus4QtwgCXT6
ဒီဆွေးနွေးပွဲ စကားဝိုင်းလေးကို တက်ရောက်ဖို့ စိတ်ဝင်စား တယ်ဆိုရင် ဒီ link https://forms.gle/3cCGLJus4QtwgCXT6 လေးကနေကြိုတင် စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ပွဲမစခင် တရက်အလိုမှာ Zoom link ကို အီးမေးလ်ကနေ ပို့ပေးသွားမှာ ဖြစ်ပါတယ်။


