မင်္ဂလာပါ…..။ Access to Education – Myanmar ရဲ့ ဒီတခေါက် Talk Series ကိုတော့ “The Arts as Human Rights Practice” ဆိုတဲ့ ခေါင်းစဉ်နဲ့ အနုပညာနဲ့ လူ့အခွင့်အရေးတို့ရဲ့ ဆက်စပ်မှုကို အတူတကွ မေးခွန်းထုတ်ပြီး စဉ်းစားဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ပုံမှန်လူနေမှုဘဝမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့၊ ဖြစ်ရပ်တွေကို သက်သေပြဖို့နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် ဥပဒေ၊ မူဝါဒနဲ့ အစီရင်ခံစာတွေကို အဓိကထား အသုံးပြုကြတာကို အားလုံးသိထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အမှန်တရားတခုကို မှတ်တမ်းတင်ရုံနဲ့ ပြောင်းလဲမှုတခုကို ဖန်တီးနိုင်ပါ့မလား? လူတွေရဲ့ အသံ၊ မတရားမှု၊ ခံစားချက်နဲ့ အတွေ့အကြုံတွေကို အနုပညာကနေတဆင့် ဖော်ပြမယ်ဆိုရင် ဘာတွေပြောင်းလဲလာနိုင်မလဲ ဆိုတာတွေကလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။
ဒီစကားဝိုင်းမှာတော့ ပန်းချီ၊ ရုပ်ရှင်၊ စာပေ၊ ဂီတနဲ့ အခြားသော ဖန်တီးမှု ရုပ်ပုံလွှာတွေဟာ မတရားမှုတွေကို သက်သေခံရုံတင်မကဘဲ၊ အာဏာပိုင်စနစ်တွေကို မေးခွန်းထုတ်ဖို့၊ ပြည်သူတွေကြားထဲ စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့နဲ့ မတူညီတဲ့ တရားမျှတမှုအနာဂတ်ကို အတူတကွ စိတ်ကူးပုံဖော်ဖို့ ဘယ်လို အစွမ်းထက်တဲ့ အသံတစ်ခု ဖြစ်လာနိုင်သလဲဆိုတာတွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေအတွင်း အနုပညာနဲ့ ဖန်တီးမှုတွေက လူတွေရဲ့ အသံကို ဘယ်လိုဖော်ထုတ်ပေးနိုင်သလဲ၊ ပြီးတော့ မျှော်လင့်ချက်နဲ့ အခြားဖြစ်နိုင်တဲ့ အနာဂတ်တွေကို ဘယ်လိုစိတ်ကူးယဉ်နိုင်စေသလဲ ဆိုတာတွေကိုပါ ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေကို ဦးဆောင်ဆွေးနွေးပေးသွားမှာကတော့ Bard College မှ MA in Human Rights and the Arts ဘွဲ့ ရရှိထားသူ ဆရာ ကိုပြည့်ဖြိုးသာပဲ ဖြစ်ပါတယ်။ ဆရာကိုပြည့်ဖြိုးသာကဆိုရင် လူ့အခွင့်အရေး၊ အနုပညာနဲ့ မြန်မာနိုင်ငံ၏ လူမှုနိုင်ငံရေး လှုပ်ရှားမှု နယ်ပယ်မှာတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပြီး သုတေသနပြုနေသူတစ်ဦးပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ နွေဦးတော်လှန်ရေးအတွင်း အနုပညာနဲ့ လူတွေရဲ့ ခံစားချက်တွေက လူမှုနိုင်ငံရေးလှုပ်ရှားမှုတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲဆိုတာကို ဆက်လက်လေ့လာနေသူ ဖြစ်ပါတယ်။
အနုပညာဆိုတာ ကြည့်ရှုခံစားဖို့အတွက်ပဲလား။ ဒါမှမဟုတ် မတရားမှုကို ပြောပြဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ ပိုကောင်းတဲ့အနာဂတ်ကို စိတ်ကူးဖော်ဆောင်ဖို့အတွက်လည်း အသုံးချနိုင်ပါသလား။ ဒီမေးခွန်းတွေနဲ့အတူ ဒီလရဲ့ ဆွေးနွေးပွဲမှာ အတူတူ စဉ်းစားဆွေးနွေးကြရအောင် ဖိတ်ခေါ်လိုက်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ The Arts as Human Rights Practice
နေ့ရက်။ ။ ၃၀ ရက်၊ သြဂုတ်လ၊ ၂၀၂၆။ (တနင်္ဂနွေနေ့)။
အချိန်။ ။ မြန်မာအချိန် ည (၇ : ၀၀)နာရီ။
နေရာ။ ။ အွန်လိုင်း (Zoom)။
ဆွေးနွေးမည့်ဘာသာစကား။ ။ မြန်မာ
စာရင်းပေးရန်လင့်။ ။ https://lnkd.in/g8wX4HfG
မှတ်ချက်။ ။ စာရင်းပေးသွင်းရာတွင် ၂၈ ရက်နေ့ မြန်မာအချိန် ည ၁၀ နာရီ နောက်ဆုံးထားပေးသွင်းပါရန်။


