Access to Education-Myanmar ရဲ့ Talk Series ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ![]()
ဆွေးနွေးပွဲခေါင်းစဉ်။ ။ Insider Tips for a YSEALI Application
နေ့ရက်။ ။ ဇွန်လ (၆)ရက်၊ ၂၀၂၅ (သောကြာနေ့)။
အချိန် ။ ။ မြန်မာအချိန် ည (၈) နာရီ။
နေရာ ။ ။ အွန်လိုင်း (ZOOM)။
စာရင်းသွင်းရန် ။ ။ https://tinyurl.com/talkseries002
ဆယ်ကျော်သက်အရွယ်ကစလို့ တက္ကသိုလ် ကျောင်းသားကျောင်းသူများနဲ့ လုပ်ငန်းနယ်ပယ်ရပ်အသီးသီးမှာ လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်တဲ့ မြန်မာနိုင်ငံက လူငယ်တွေအကြားမှာ Young Southeast Asian Leaders Initiative (YSEALI) Program ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကနေ ယခုအချိန်ထိ လူသိများထင်ရှားပြီး အလျှောက်များကြတဲ့ Program တခု ဖြစ်ပါတယ်။
YSEALI Program ဟာ ပြည်သူ့နီတိ၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်တွေအပြင် အခြားသောနယ်ပယ် အသီးသီးက ဘာသာရပ်တွေကိုလည်း အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်နယ်အသီးသီးက အရည်အသွေးမြင့်တဲ့ တက္ကသိုလ်တွေမှာ သီတင်းပတ် ငါးပတ်တာအထိ သွားရောက်နေထိုင် လေ့လာခွင့်ရှိတဲ့ အစီအစဉ်တခုဖြစ်တဲ့အပြင် အမေရိကန်နာမည်ကြီး ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရရုံးတွေမှာလည်း အလုပ်သင်အခွင့်အရေးတွေကို စီစဉ်ပေးတဲ့အတွက် လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်မှုအတွက်လည်း အများကြီး အထောက်အကူ ပြုစေတဲ့ အစီအစဉ်ဖြစ်ပါတယ်။
Insider Tips for a YSEALI Application ခေါင်းစဉ်နဲ့ မျှဝေဆွေးနွေးပေးဖို့အတွက်
Access To Education – Myanmar မှ ဖိတ်ခေါ်ထားတဲ့သူကတော့ YESELI Program ရဲ့ Academic Director တယောက်အနေနဲ့ အလုပ် လုပ်နေတဲ့ အမေရိကန်ပြည်ထောင်စု၊ မွန်တားနားတက္ကသိုလ် (The University of Montana) က ဂုဏ်ထူးဆောင် ပါမောက္ခ Dr. Dan Spencer ဖြစ်ပါတယ်။
Dr. Dan Spencer ဟာ မွန်တားနားတက္ကသိုလ်မှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ Environmental Science နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို သင်ကြားပို့ချပေးခဲ့သူဖြစ်ပြီး လက်တင်အမေရိက နဲ့ အာရှဒေသတွေမှာရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု စတဲ့ အကြောင်းအရာတွေကို လေ့လာသုတေသန ပြုစုရေးသားဖို့အတွက်လည်း စိတ်အားထက်သန်သူတဦးဖြစ်ပါတယ်။
အဲဒါကြောင့် သင်ဟာ YSEALI Program ကို လျှောက်ဖို့အတွက် စိတ်ဝင်စားတဲ့သူ တဦးဖြစ်တယ်ဆိုရင် ဒီစကားဝိုင်းဆွေးနွေးပွဲဟာ သင့်အတွက် လျှောက်ထားတဲ့အခါမှာ ဘယ်လိုအကြောင်းအရာတွေကို သိထားသင့်သလဲ။ ဘာတွေ လုပ်ဖို့လိုအပ်မလဲ။ ရှောင်ကျဉ်ဖို့လိုအပ်တဲ့ အရာတွေက ဘာတွေဖြစ်မလဲ။ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ပါမောက္ခ Dr. Dan Spencer နဲ့လည်း သိလိုတဲ့ မေးခွန်းတွေကို တချိန်တည်းမှာ မေးမြန်းဆွေးနွေးခွင့် ရရှိမှာလည်းဖြစ်ပါတယ်။
ဒီစကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ဖို့အတွက် စိတ်ဝင်စားတယ်ဆိုရင် အောက်ဖော်ပြပါ [https://tinyurl.com/talkseries002] လင့် ကနေ သို့မဟုတ် ပုံပါ QR ကနေတဆင့် ဇွန်လ ၅ ရက်နေ့ ၊ မြန်မာအချိန် ည ၈ နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းထားနိုင်ပါတယ်။
#TalkSeries #Learn #Share #Grow
#AccessToEducationMyanmar

