ကမ္ဘာ့ပတ်ဝန်းကျင်နေ့အထိမ်းအမှတ် ကျရောက်ရာ ဇွန်လ ထဲမှာ Access to Education-Myanmar မှ Beat Plastic Pollution: Global Crisis, Local Actions , and the Commercial Push for Plastic ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလေးတခုကို လာမယ့် တနင်္ဂနွေနေ့၊ ဇွန်လ (၁၅)ရက်နေ့၊ မြန်မာအချိန် ည(၇)နာရီမှာ အွန်လိုင်းကနေ ကျင်းပသွားဖို့ ရှိတာမို့ အားလုံးကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီဆွေးနွေးပွဲမှာ –
ပလပ်စတစ်က ဘာကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတရပ် ဖြစ်လာသလဲ။
ပလပ်စတစ်အသုံးပြုမှုနဲ့ ပတ်သက်ပြီးတနိုင်ငံချင်းစီ ရဲ့ လုပ်ဆောင်မှုက ဘာတွေရှိလဲ။
ပလပ်စတစ်သုံးစွဲမှုကို တားမြစ်ဖို့ (ယခုထိတိုင်) ဘာလို့ သဘောတူညီမှု ရဖို့ခက်ခဲကြန့်ကြာနေလဲ။…စသည့်အကြောင်းရာများအပြင်
Green Washing အကြောင်း တို့ကို
သဘာဝပတ်ဝန်းကျင်အရေး တတ်ကြွလှုပ်ရှားသူ ဆရာကျော်ဇင်မျိုးမှ လာရောက်မျှဝေ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ကိုကျော်ဇင်မျိုးသည် သဘာဝပတ်ဝန်းကျင်အရေး တတ်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး အော်ဂဲနစ်စိုက်ပျိုးရေးကို လုပ်ဆောင်နေသည့် တောင်သူလူငယ် တဦးလည်းဖြစ်ပါတယ်။ ဆရာသည် လက်ရှိတွင် မန္တလေးမြို့ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဌာနမှူးအနေနဲ့ တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။
ထို့ပြင် ဆရာသည် ၂၀၁၇ ခုနှစ်ကတည်းက Trash Hero Mandalay အဖွဲ့ကို စတင်ဦးဆောင်ခဲ့ပြီး လက်ရှိတွင် Trash Hero Myanmar ရဲ့ ဒုတိယဥက္ကဌ အနေဖြင့်လည်း တာဝန်ထမ်းဆောင်လျှက်ရှိသည်။ အမေရိကန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်တခုဖြစ်သည့် ဆန်ဖရန်စ္စကိုမြို့ရှိ Stanford University တွင် ကျင်းပသော ၂၀၁၉ ခုနှစ်၏ VIA အစီအစဉ် ( Exploring Social Innovation at Stanford University, San Francisco 2019) ကို တက်ရောက်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် လူသိများထင်ရှားသော YSEALI အစီအစဉ်၏ 2024 Academic Fellow တဦးလည်းဖြစ်ပြီး Global Youth Climate Network Myanmar 2020 ၏ ကိုယ်စားလှယ်တဦးလည်း ဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ခြင်း
နေ့ရက်။ ။ ၁၅ရက်၊ ဇွန်လ၊ ၂၀၂၅။ (တနင်္ဂနွေနေ့)။
အချိန်။ ။ မြန်မာအချိန် ည (၇)နာရီ။
နေရာ။ ။ အွန်လိုင်း (Zoom)။
ဆွေးနွေးမည့်ဘာသာစကား။ ။ မြန်မာ။
ဆွေးနွေးပွဲ တက်ရောက်ရန််
စာရင်းပေးသွင်းရန်လင့် – https://tinyurl.com/talkseries03
—————————-
#WorldEnvironmentDay2025
#BeatPlasticPollution
#TalkSeries

