မင်္ဂလာပါ…။
Access to Education – Myanmar ရဲ့ Talk Series အစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ “Rethinking Gender: A Feminist Introduction” ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်။
ကျား၊ မ ဆိုတဲ့ ဂျန်ဒါ ခွဲခြားသတ်မှတ်မှုဟာ လူ့အဖွဲ့အစည်းတွေအတွင်းမှာ ဘောင်တခုလို အချိန်ကာလ ကြာမြင့်စွာ တည်ရှိနေတာပဲ ဖြစ်နေပါတယ်။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ဒီဘောင်တွေက လူတဦးတယောက်ချင်းစီရဲ့ တကယ့်ဖြစ်တည်မှု၊ အရည်အချင်းနဲ့ စိတ်ကူးအိပ်မက်တွေကို အမှန်တကယ် ကိုယ်စားပြုနိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။
ပတ်ဝန်းကျင်ရဲ့ ပုံဖော်ချက်တွေ၊ မိသားစုအတွင်းက မျှော်လင့်ချက်တွေကနေစလို့ လုပ်ငန်းခွင်ထဲက အခွင့်အလမ်းတွေအထိ ‘ကျား’ ဖြစ်လို့၊ ‘မ’ ဖြစ်လို့ ဆိုတဲ့ အယူအဆဟောင်းတွေအောက်မှာ ကျွန်တော်တို့ ဘယ်လောက်အထိ အသားကျနေခဲ့ကြသလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါတယ်။
ဒီစကားဝိုင်းမှာတော့ Gender ဆိုတာက ခန္ဓာဗေဒအရ ကွာခြားမှုသက်သက်လား၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းက ဖန်တီးထားတဲ့ စည်းမျဉ်းတွေလားဆိုတာကို အခြေခံပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒါ့အပြင် Feminism ဆိုတာ အမျိုးသမီးတွေအတွက်တင် မကဘဲ လူသားအားလုံး လွတ်လပ်စွာ ရှင်သန်ခွင့်ရဖို့ ဘယ်လိုတွန်းအားပေးနေသလဲ၊ ကျား၊ မ တန်းတူညီမျှမှုက လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတဲ့ အချက်တွေကို ကျွန်တော်တို့ နေ့စဉ်တွေ့မြင်နေရတဲ့ ပတ်ဝန်းကျင်ရဲ့အမြင်တွေနဲ့ ချိတ်ဆက်ပြီး ဆရာမအေးအိန္ဒြေမောင်က တင်ပြဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။
ဆရာမ အေးအိန္ဒြေမောင် ဟာ ထိုင်းနိုင်ငံ Asian Institute of Technology (AIT) ကနေ Gender and Development ဘာသာရပ်အထူးပြုနဲ့ မဟာဘွဲ့ရရှိထားပြီး Intersectional Feminist တဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Feminist Fund Management အဖွဲ့အစည်းတခုမှာ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ LGBTQIA+ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းတွေကို အင်တိုက်အားစိုက် ပါဝင်လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Rethinking Gender: A Feminist Introduction
နေ့ရက်။ ။ ၂၂ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆။ (တနင်္ဂနွေနေ့)။
အချိန်။ ။ မြန်မာအချိန် ည (၆ : ၃၀)နာရီ။
နေရာ။ ။ အွန်လိုင်း (Zoom)။
ဆွေးနွေးမည့်ဘာသာစကား။ ။ မြန်မာ
စာရင်းပေးရန်လင့်။ ။https://forms.gle/MPNjEgmzTCqB2KWi7
မှတ်ချက်။ ။ စာရင်းပေးသွင်းရာတွင်၂၁ ရက်နေ့ မြန်မာအချိန် ည ၁၀ နာရီ နောက်ဆုံးထားပေးသွင်းပါရန်။

