Access to Education—Myanmar မှ ဖွင့်လှစ်တဲ့ (၃) လတာ သင်တန်းအတွက် စိတ်ဝင်စားတဲ့ သင်တန်းသားအသစ်များခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသူ/ကျောင်းသား၊ လူငယ်များအတွက် အရည်အသွေးပြည့်မီသော ပညာရေးအခွင့်လမ်းကောင်းများ လက်လမ်းမီရရှိနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Access to Education—Myanmarအနေနဲ့ ကျွန်ုပ်တို့၏ ပညာရေးအစီစဉ်များမှတဆင့်
💠 စဉ်ဆက်မပြတ်လေ့လာသင်ယူလိုသူများအတွက် သင်ယူမှုအဝန်းဝိုင်းကောင်း တရပ်ဖန်တီးတည်ဆောက်သွားရန်၊
💠 လူတိုင်းအတွက် အရည်အသွေးရှိသောပညာရေးကို လက်လှမ်းမီရရှိနိုင်စေရန်၊
💠 ပညာရေးဖြင့် လူမှု့ဘဝတိုးတက်ပြောင်းလဲရေးကို ဖော်ဆောင်ရန်၊
ရည်ရွယ်လျှက် လက်ရှိကာလတွင် ပညာရေး တပိုင်းတစနှင့် ကျောင်းဆက်တက်ရန် အခက်အခဲဖြစ်နေသော သို့မဟုတ် လုပ်ငန်းခွင်ဝင်ရန် လေ့ကျင့်ပြင်ဆင်လိုသော လူငယ်များအတွက် Learning and Mentorship Program (၃) လကြာ အစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။
🟦 သင်တန်းမိတ်ဆက်
Learning and Mentorship Program သည် အသက် (၁၆) နှစ်မှ (၂၆) နှစ်ကြားရှိ ကျောင်းသူ/ကျောင်းသား လူငယ်များ ဘဝတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် “ပညာရေးလမ်းခရီးရှေ့ဆက်နိုင်အောင် လိုအပ်သည့်ကျွမ်းကျင်မှုများကို ပြင်ဆင်လေ့ကျင့်ပေးခြင်း နှင့် လုပ်ငန်းခွင်ဝင်ရန်အတွက် လိုအပ်သည့် အရည်အချင်းတွေကို မြှင့်တင်ပေးနိုင်ရန်” ရည်ရွယ်ကာ Work & Learning Skills, Digital Literacy, Critical Reading and Writing စသည့်သင်တန်းခေါင်းစဉ်များ အပြင် သက်ဆိုင်ရာ နယ်ပယ်အလိုက် အနီးကပ်လမ်းညွှန်ကူညီပေးမည့် Mentoring session နှင့် အပတ်စဉ် Webinar များလည်း ပါဝင်သည့် (၃) လတာ လေ့ကျင့် သင်ကြားပေးသွားမည့် အစီစဉ်တခုဖြစ်ပါတယ်။
Access to Education—Myanmarအနေဖြင့် Learning and Mentorship Programရဲ့ အပါတ်စဉ် (၁) မှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၂၅) ယောက်ကို ခေါ်ယူလေ့ကျင့်သင်တန်းပေးနိုင်ခဲ့ပြီး သင်တန်းပြီးသွားသည့်ကာလတိုင်အောင် ပညာရေးအခွင့်အလမ်းတွေမျှဝေပေးခြင်း၊ ကျောင်းလျှောက်တဲ့နေရာမှာ လိုအပ်တဲ့ စာရွက်စာတမ်း၊ recommendation letterတွေကို ထောက်ပံ့ပေးခြင်းနှင့် ကျောင်းသူကျောင်းသားများ၏ အခြားလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးခြင်းများကို ဆက်လက်ဆောင်ရွက်လျှာက်ရှိပါတယ်။
🟦 Learning and Mentorship Program Batch-2 သင်တန်းအချက်အလက်
ပရိုဂရမ် တက်ရောက်ရန်ကာလ။ ။ ဇန်နဝါရီလ ၁၂ ရက်နေ့ မှ ဧပြီလ ၁၀ ရက်နေ့ အထိ။
ကြိုဆိုခြင်း နှင့်မိတ်ဆက်ခြင်း စတင်မည့်နေ့။ ။ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ၂၀၂၆။
ပရိုဂရမ် တက်ရောက်ရန် အချိန်ဇယား။ ။ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ။
အတန်းချိန်။ ။ နေ့စဉ် မြန်မာအချိန် ညနေ ၆:၃၀ နာရီ မှ ၈:၀၀ နာရီ အထိ။
သင်တန်းကြေး။ ။ အခမဲ့ ဖြစ်ပြီး ရွေးချယ်ခံရသူများကို လစဉ် ဆက်သွယ်ရေးစရိတ် ၈၀,၀၀၀ (ရှစ်သောင်း)ကျပ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
နေရာ နှင့် သင်ကြားနည်း။ ။ အတန်းများ နှင့် တွေ့ဆုံမှုများကို အဓိက Zoom ကနေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး သင်ယူမှုထိရောက်စေရန်အတွက် အခြားသင်ကြားရေးဆိုင်ရာ Platform များကိုလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။
လျှောက်လွှာပိတ်ရက်။ ။ ဒီဇင်ဘာလ ၁၀ ရက်၊ မြန်မာအချိန် ည ၁၁:၅၉ နာရီ။
🔶 ပရိုဂရမ်တက်ရောက်ရန် သတ်မှတ်ချက်များ
✅ အသက် ၁၆ မှ ၂၆ အတွင်းရှိသူများ၊
✅ ပညာရေးအခွင့်အလမ်းရရှိမှုနည်းပါးသူများ၊
✅ သင်ခန်းစားများကို အင်္ဂလိပ်လို ပြောဆိုနွေးနွေးရမှာ ဖြစ်သည့်အတွက် အင်္ဂလိပ်စာ အရေး၊ အပြော Intermediate အဆင့်ရှိသူများ၊
✅ သင်တန်းအပေါ် စိတ်ဝင်စားမှုကို ဖော်ပြရေးသားရာတွင် မည်သည့် AI tool ကိုမှ မသုံးဘဲ မိမိကိုယ်တိုင်ရေးသားထားသူများ၊
✅ အွန်လိုင်း သင်တန်းအစီစဉ် ဖြစ်သည့်အတွက် အတန်းတက်ရောက်ရန် အင်တာနက် ရသူများနှင့်
✅ သင်တန်း အစအဆုံး တက်ရောက်နိုင်မည့် မည်သူမဆို ဝင်ရောက်လျှောက်ထားလို့ရပါတယ်။
✅ ပရိုဂရမ်တလျှောက်လုံးမှာ ကျောင်းသူ/ကျောင်းသား လူငယ်များအတွက် အသိပညာကြွယ်ဝလာစေမှု အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုပါ ဖွံ့ဖြိုးတိုးတက်လာအောင် လေ့ကျင့်ပြင်ဆင်ပေးသွားမှာ ဖြစ်တဲ့အတွက် ရွေးချယ်ခံရသူများအနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေး လုပ်ဆောင်သွားဖို့လည်း (အထူး)လိုအပ်တဲ့ သင်တန်းအစီစဉ်တစ်ခုဖြစ်ပါတယ်။
🔵 အစီစဉ်တွင်ပါဝင်တက်ရောက်ရန် စိတ်ဝင်စားသည့်သူများအနေဖြင့် ဖော်ပြပါ Application Form (https://tinyurl.com/accesstoeducation-mm-lmp) ကို ဒေါင်းလုပ် (download) ရယူဖြည့်စွက်ပြီး Email လိပ်စာ accesstoeducation.mm@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
အွန်လိုင်းကနေ တိုက်ရိုက်လျှောက်ထားလိုပါက ဖော်ပြပါ Google form –
[https://forms.gle/vacs9uTSx8xMhzRu9] ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့၊ မြန်မာအချိန် ည ၁၁:၅၉ နာရီ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။
🟥 ပထမအဆင့်အောင်မြင်ပြီး အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကို လျှောက်လွှာရှင်များ၏ email မှတဆင့် ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။
ပရိုဂရမ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုတာများ ရှိပါက
Email: accesstoeducatuion.mm@gmail.com
Telegram: @AccessToEducatuionMM
Facebook Messenger: @AccessToEducation.MM
တို့ကနေ ဆက်သွယ်နိုင်ပါတယ်။
#AccessToEducationMyanmar #LearningAndMentorshipProgram #LMPBatch2




