မင်္ဂလာပါ…။ Access to Education-Myanmar မှ ကျောင်းသူကျောင်းသား လူငယ်များအတွက် စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိရန် တထောင့်တနေရာမှ အားထုတ်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီအပတ်ရဲ့ စကားဝိုင်းမှာတော့ “Dare to Begin: Building a Growth Mindset for Success” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒီခေါင်းစဉ်အောက်မှာတော့ “Growth Mindset” ဆိုတာ ဘာလဲ။ အခက်ခဲတွေ၊စိန်ခေါ်မှုတွေကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းမလဲ။ ကိုယ့်ရဲ့ အားနည်းချက်၊အားသာချက်၊ စိတ်ဝင်စားမှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေမလဲ။ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ အခက်ခဲ အကြပ်တည်း အတွင်းမှ ကိုယ့်ရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ ကိုယ့်ဘဝရည်မှန်းချက်အတွက် လမ်းဖောက်နေတဲ့ လူငယ်တွေအတွက် ရည်ရွယ်စီစဥ်ထားတဲ့ စကားဝိုင်းအစီအစဉ် ဖြစ်ပါတယ်။
ဆွေးနွေးမျှဝေပေးမည့်သူဖြစ်တဲ့ [Sayama] San Yi ဟာဆိုရင် အင်္ဂလန်နိုင်ငံရှိ University of Reading မှ MA in Public Policy ဘာသာရပ်နဲ့ ကျောင်းပြီးဆုံးထားသူ တဦးလည်း ဖြစ်ပြီး၊ ICF Leadership Coaching Certification ကို ထိုင်းနိုင်ငံမှ ရရှိထားသူလည်း ဖြစ်ပါတယ်။ အဲဒါတွေအပြင် မြန်မာနိုင်ငံမှာ လူသိများထင်ရှားတဲ့၊ YSEALI အစီအစဥ်ရဲ့ Professional Fellow တဦးလည်းဖြစ်ပြီး၊ Myanmar Young Leadership Fellow အဖြစ်လည်း နယူးဇီလန်သို့ သွားရောက်လေ့လာခဲ့သူဖြစ်ပါတယ်။
ဆရာမက လက်ရှိမှာ “SHEowner Business” ကို တည်ထောင်ပြီး ဦးစီးဦးရွက် လုပ်ဆောင်နေသူဖြစ်ပြီး အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် (women entrepreneurs) တွေအတွက် စီးပွားရေးဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းများပေးခြင်းနှင့် အကြံပေးခြင်း လုပ်ငန်းတွေကို ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Dare to Begin: Building a Growth Mindset for Success
နေ့ရက်။ ။၁၂ရက်၊ အောက်တိုဘာလ၊ ၂၀၂၅။ (တနင်္ဂနွေနေ့)။
အချိန်။ ။မြန်မာအချိန် ည (၇)နာရီ။
နေရာ။ ။အွန်လိုင်း (Zoom)။
ဆွေးနွေးမည့်ဘာသာစကား။ ။မြန်မာ
စာရင်းပေးရန်လင့်။ ။ https://forms.gle/sqgWa6PPSQf9CE3P8

