အသိသစ်၊ အတွေးသစ်၊ အမြင်သစ်တွေဆီမှ အတွေ့အကြုံအသစ်များ ဆီသို့
အားလုံးပဲ မင်္ဂလာပါ။ သင်က သစ်လွင်တဲ့အတွေးအခေါ်၊ အသိအမြင်တွေကနေ အသစ်သစ်သော အတွေ့အကြုံတွေကို ရှာဖွေရင်း ကိုယ်ရဲ့ Skills နဲ့ Networking ကို ချဲ့ထွင်ချင်တဲ့ လူငယ်တယောက်လား။ မိမိရဲ့စကားပြောစွမ်းရည်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း တွေကိုမြှင့်တင်ချင်လား။ ဒါဆိုရင်တော့ အခုဘဲ သင့်ရဲ့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ပေးမယ့် ဒီဘိတ်ပရိုဂရမ် တခုကို ယူဆောင်လာပြီပဲ ဖြစ်ပါတယ်။
ပရိုဂရမ်အမည် ။ ။ Karl Popper Debate Lab
နေရာ ။ ။ အွန်လိုင်း (Zoom)
သင်တန်းကာလ ။ ။ နိုဝင်ဘာလ (၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ။
ဒီပရိုဂရမ်မှာ Karl Popper Debate Format ကို အသုံးပြုသွားမှာ ဖြစ်ပြီး မြန်မာဘာသာစကားဖြင့် ပြောဆိုဆွေးဆွေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်အစီစဉ်ဟာ Access to Education Myanmar ရဲ့ Debate Education Program က သင်တန်းသူ/သင်တန်းသားဟောင်းတွေ ဦးစီးစီစဉ်တဲ့ လူငယ်တွေအတွက် အရမ်းအကျိုးရှိစေမယ့် ဒီဘိတ်ပရိုဂရမ် တစ်ခုဖြစ်ပြီးတော့ ဒီလိုမျိုး Program တွေကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် လျှောက်လွှာတွေကို စတင်ခေါ်ယူနေပြီပဲဖြစ်ပါတယ်။
ဒီ Program လေးဟာ ဆိုရင် လူငယ်တွေအတွက် အရေးကြီးတဲ့ Debating Skill ကို တိုးတက်စေရုံသာမက မိမိရဲ့စကားပြောစွမ်းရည်တွေနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေပါ တိုးတက်စေမှာပဲဖြစ်ပါတယ်။
ဒီ Karl Popper Debate Lab ကနေ ဘာတွေ သင်ယူရမလဲ? ဘာတွေ အကျိုးရှိမလဲ။ ဒီပရိုဂရမ်ကနေ သေချာပေါက်အာမခံပေးနိုင်တာကတော့ 💠 Public Speaking နဲ့ Critical Thinking တွေ တိုးတက်လာမယ်။ 💠 ခေါင်းဆောင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်တွေ ပိုကောင်းလာမယ်။ 💠 အခြားသော လူငယ်တွေနဲ့ ကွန်ယက်ချိတ်ဆက်ခွင့်ရမယ်။ 💠 အွန်လိုင်းကနေ Debate နည်းစနစ်တွေ၊ စကားပြောကျွမ်းကျင်မှုတွေကို အချိန်တိုလေးအတွင်းမှာလေ့လာနိုင်မယ်…စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေမှာပဲဖြစ်ပါတယ်။
ဒီ ပရိုဂရမ်မှာ ဘာတွေပါမှာလဲ။ ဘာတွေလုပ်ရမှာလဲ။ အခုမှ Debate ကို စလုံးရေ စ မှာပါဆိုတဲ့သူတွေအတွက် Debate Training Session တွေစီစဉ်ပေးထားပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့လေ့လာထားတဲ့အကြောင်းအရာတွေကို ကိုယ်တကယ် နားလည်တတ်မြောက်သွားတာလားဆိုတာသိရအောင် Debate Tournament တွေပါစီစဉ်ပေးထားပါသေးတယ်။ Debate Tournament မှာ အနိုင်ရရှိတဲ့ သူတွေအတွက်လဲ ပိုမိုပျော်စရာကောင်းသွားအောင် ဆုလက်ဆောင်များကိုလဲ ပြင်ဆင်ထားပေးသေးတယ်နော်။
Debate Tournament လေးမှာအနိုင်ရရှိတဲ့သူများအတွက် 🏆 ပထမဆု၊ ဒုတိယဆု စတဲ့ အဖွဲ့လိုက်ဆုအပြင် အကောင်းဆုံး debater ဆု ကိုလည်း အသီးသီး ပေးအပ် ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။
*️⃣ ဘယ်သူတွေ လျှောက်ထားနိုင်လဲ *️⃣
☑️ အသက် ၁၇ နှစ်ကနေ ၂၃ နှစ် ကြားရှိတဲ့ မြန်မာတစ်နိုင်ငံလုံးက လူငယ်တွေ ☑️ အထူးသဖြင့် စကားပြောစွမ်းရည်နဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေးကို စိတ်ဝင်စားတဲ့မည်သူမဆို လာရောက်လျှောက်ထားနိုင်ပါတယ်။
ဘယ်လိုလျှောက်ထားမလဲ။ Program လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ လျှောက်လွှာ Link ကို ဖြည့်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/w8JozQSZCUn75fws7
လျှောက်လွှာနောက်ဆုံး တင်သွင်းရမည့်ရက်။ ။ အောက်တိုဘာလ (၂၄) ရက်၊ ၂၀၂၅။
အသစ်အသစ်သော အတွေ့အကြုံတွေရရှိပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို တိုးတက်စေမယ့် အခုလိုမျိုး အခွင့်အရေးကောင်းမျိုးကို လုံးဝလက်လွှတ်မခံပါနဲ့နော် ✨
#AccessToEducationMyanmar #DebateLab #YouthEmpowerment #CriticalThinking #PublicSpeaking








