မင်္ဂလာပါ။ Access to Education—Myanmar မှ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းမှာ ပြုလုပ်သွားမယ့် “စာဖတ်ဝိုင်း” လေးမှာ ပါဝင်ဖို့ စိတ်ဝင်စားသူ များကို ဖိတ်ခေါ်လိုက်ပါတယ်။
မိမိအနေနဲ့ စာဖတ်တဲ့ အကျင့်လေးကို ဝါသနာတူ သူငယ်ချင်းတွေနဲ့အတူ စုပြီး ပုံမှန် လုပ်ဆောင်သွားလိုတယ်ဆိုရင်တော့ ဒီအစဉ်လေးကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။
စာဖတ်ဝိုင်း အစီအစဉ်
အချိန် ။ ။ မြန်မာအချိန် ညနေ ၆း၃၀ နာရီမှ ည ၈း၀၀ နာရီ အထိ။
နေ့ရက် ။ ။ အပတ်စဉ် တနင်္ဂနွေနေ့။ တ
နေရာ ။ ။ Online (ZOOM platform )
စတင်မည့်ရက် ။ ။ နိုဝင်ဘာ ၂၃ ရက်နေ့၊ ၂၀၂၅။
ပြီးဆုံးမည့် ရက် ။ ။ ဇန်နဝါရီ ၂၅ ရက်နေ့၊ ၂၀၂၆။
ကြာချိန် ။ ။ စုစုပေါင်း (၁၀) ပတ်။
ဒီ အပတ်စဉ် စာဖတ်ဝိုင်း လေးကနေ
🌟 ပုံမှန်စာဖတ်ဖြစ်စေဖို့ အကျင့်လေးတွေ ရလာမယ်။
🌟 အင်္ဂလိပ်စာအုပ်လေးတွေ ဖတ်ရင်း ဘာသာစကား စွမ်းရည် တိုးတက်လာဖို့ အထောက်အကူဖြစ်စေမယ်။
🌟 ဖတ်ရှုပြီးသည့် စာပေ အကြောင်းအရာ အပေါ် ပြန်လည်သုံးသပ်၊ ဝေဖန်၊ ဆွေးနွေး ရင်း အပြန်အလှန် မျှဝေ ဖလှယ်မှုမှသည် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲ စကားဝိုင်း လုပ်တတ်သည့် အလေ့ကျင့်ကောင်းများ ဖြစ်ထွန်းလာမယ်။
ယခုအစီစဉ်တွင် ပါဝင်လိုသူများအနေနဲ့
🔸 ရွေးချယ်ထားသော စာအုပ်များကို အင်္ဂလိပ်လို ဖတ်ရှု ဆွေးနွေးသွားမှာ ဖြစ်တဲ့ အတွက် အင်္ဂလိပ်စာကို အခြေခံအဆင့် ဖတ်နိုင်၊ ပြောနိုင်ဖို့ လိုအပ်ပါမယ်။
🔸 အပတ်စဉ် စာဖတ်ဖို့ သတ်မှတ်ရွေးချယ်ထားတဲ့ စာအုပ် အပေါ် အခြေခံကာ မိမိတို့ရဲ့ အတွေးအမြင် နဲ့ ထင်မြင်ယူဆချက် အတွေးအခေါ်ကောင်းများကို အပြန်အလှန် မျှဝေဖလှယ် သွားကြမှာမို့ မိမိကိုယ်တိုင်က စာဖတ်ခြင်းဖြင့် စိတ်ဝင်တစား ပါဝင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
လျှောက်လွှာဖောင် ဖြည့်ရန် – https://forms.gle/eehXKr1stnSJCvp36
🔷♦️စာဖတ်ဝိုင်းတွင် တက်ရောက်သူ အယောက်စီတိုင်း ပြည့်ဝစွာ ပါဝင်ဆွေးနွေးခွင့်ရနိုင်ရန် အတွက် လျှောက်ထားသူများထဲမှ (၁၀) ဦးကိုသာ ရွေးချယ်လက်ခံပေးသွားမှာမို့ လျှောက်လွှာပါ အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပေးဖို့လည်း လိုပါမယ်နော်။ ♦️🔷
လျှောက်လွှာ ပိတ်မည့်ရက် ။ ။ နိုဝင်ဘာ ၂၁ ရက်နေ့၊ ၂၀၂၅၊ မြန်မာအချိန် ည (၁၁း၅၉) နာရီ။ ‼️
လျှောက်ထားသူများထဲမှ ဤ “အပတ်စဉ် စာဖတ်ဝိုင်း” အစီစဉ်တွင် ပါဝင်ရန် ရွေးချယ်ခံရသူများကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် အီးမေးလ်မှ တဆင့် ဆက်သွယ် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။
Hello!
Access to Education–Myanmar is welcoming those who are interested in reading, to join our weekly ‘Reading Club’ which will be held every Sunday.
If you would like to practice your reading habit together with other readers, you are warmly invited from this club.
Weekly Reading Club Details
Time: 6:30PM – 8:00PM (MMT)
Date: Every Sunday
Place: Online (Zoom Platform)
Start Date: 23 November 2025
End Date: 25 January 2026
Duration: 10 weeks in Total
From this ‘Reading Club’, you will:
🌟Practice and develop regular reading habits.
🌟Improve your English language proficiency through reading English books.
🌟Reflect, critique, discuss, and share your thoughts to form meaningful conversation habits.
If you would like to participate,
🔸You must need Basic English to read and speak as we will discuss the chosen books in English.
🔸It is important to actively participate in the discussion based on your thoughts, opinions, and insightful ideas of the weekly selected books.
Application form – https://forms.gle/eehXKr1stnSJCvp36
🔷♦️Since we want to ensure that every participant in the Reading Club has the opportunity to fully engage in discussions, only 10 applicants will be selected. Therefore, please make sure to complete all required information in your application form.🔷♦️
🗓️ Application Deadline: 21 November 2025, 11:59PM (MMT)
The selected participants for the Reading Club will be contacted via email on 22 November 2025.

