ယခုအစီအစဉ်ကတော့ ဒီဘိတ်ပြုလုပ်ရတာကို စိတ်ဝင်စားပြီးတော့ မိမိရဲ့ အတွေးအခေါ်၊ စကားလုံးတွေကို မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ ငြင်းခုံဆွေးနွေးပြီး အဖြေရှာလိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်တဲ့ အစီအစဥ်ပဲဖြစ်ပါတယ်။
ဒီပြိုင်ပွဲအစီအစဥ်ကို Access to Education Myanmar, Kokko Institute, KIMO Institute တို့မှပူးပေါင်းပြီး လူငယ်တွေအကြား အချက်အလက်ကျကျ ဝေဖန် အဆိုတင်သွင်း ဆွေးနွေးသည့် ဒီဘိတ်ယဥ်ကျေးမှု ထွန်းကားစေပြီး၊ မိမိတို့၏ အမြင်သဘောထားများကို လွတ်လပ်စွာ တွေးခေါ် ထုတ်ဖော်နိုင်တဲ့ အတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါတယ်။ 💫
ဒါ့အပြင် ဒီဘိတ်ပြိုင်ပွဲမှတဆင့် အကြောင်းအရာများကို ဝေဖန်ပိုင်းခြားစိတ်ဖြာနိုင်စွမ်းနှင့် အကျိုးအကြောင်းလျော်ညီစွာ ဆင်ခြင်သုံးသပ်နိုင်စွမ်း စသည့် စွမ်းရည်များ တိုးတက်လာရန် အထောက်အကူပြုနိုင်ရန်သာမက၊ လူငယ်များအချင်းချင်း အသိပညာ၊ အတွေ့အကြုံနှင့် အခွင့်အလမ်းကောင်းများကို မျှဝေနိုင်သည့် ကွန်ယက်ချိတ်ဆက်ခြင်းများ ပြုလုပ်နိုင်သည့် ရပ်ဝန်းလေးတစ်ခု တည်ဆောက်ပေးနိုင်ရန် ရွယ်ပါတယ်။ 💫
🔷 ဘယ်သူတွေဝင်ရောက် ယှဥ်ပြိုင်လို့ရလဲ။ 🔷
✅ ဒီဘိတ်သင်တန်းတက်ရောက်ဖူးတဲ့သူ(သို့) ဒီဘိတ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ဖူးသူ၊
✅ အသက် ၁၆ နှစ်မှ ၃၀ နှစ်ကြားရှိတဲ့ မြန်မာနိုင်ငံမှလူငယ်များ၊
✅ အင်တာနက်ကောင်းမွန်စွာ ရရှိသူဖြစ်ရပါမည်။
📋 ပြိုင်ပွဲအချက်အလက် 📋
🌟 Debate format: Karl Popper Debate
🎙️ ဘာသာစကား : မြန်မာဘာသာ
📍 ကျင်းပမည့်နေရာ : Zoom Platform
🗓️ ပြိုင်ပွဲကျင်းပမည့်ရက်စွဲ။ ။ဒီဇင်ဘာလ ၁၃၊၁၄၊၁၇၊၂၀၊၂၁၊၂၂ ရက်နေ့
ဆုကြေးအနေနဲ့ကတော့
🏆ချန်ပီယံဆု (၃၀၀,၀၀၀ကျပ်)
🏆ဒုတိယဆု (၂၁၀,၀၀၀ ကျပ်)
🏅စကားအပြောကောင်းဆုံးဆု (၅၀,၀၀၀ ကျပ်)နှင့်
🔸အခြားဆုများကိုလဲ ပေးအပ်သွားမှာဖြစ်ပါတယ်။
♦️ပြိုင်ပွဲဝင်ဦးရေ (၃၀)ယောက်အထိသာ ရွေးချယ်သွားမှာဖြစ်ပြီးတော့ ပြိုင်ပွဲအစီအစဉ်ကို စိတ်ဝင်စားတယ်ဆိုရင် တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့ဖြင့်ဖြစ်စေ ဖော်ပြပါလင့် – https://forms.gle/jQQfsF2t43R3YCcAA မှာ
အချက်အလက်များကို ဖြည့်စွက်ပြီးလျှောက်ထားနိုင်ပါတယ်။
*️⃣ ဤဒီဘိတ်ပြိုင်ပွဲတွင် Karl Popper Debate Format ကို အသုံးပြုသွားမည်ဖြစ်ရာ ပြိုင်ပွဲဝင် တစ်သင်းလျှင် အဖွဲ့ဝင် (၃) ယောက်လိုအပ်မည် ဖြစ်သည်။ အဖွဲ့မရှိသေးလျှင်လည်း တဉီးချင်းပါဝင်သူအနေဖြင့် လျှောက်ထားနိုင်ပါတယ်။ ဤပြိုင်ပွဲအစီစဉ်တွင် ပါဝင်ရန် ရွေးချယ်ခံရပါက ပရိုဂရမ်ဘက်မှ ပြိုင်ပွဲဝင်အဖွဲ့များ ဖွဲ့နိုင်ရန် ကူညီဖွဲ့ပေးသွားမှာ ဖြစ်ပါတယ်။
⏩️လျှောက်လွှာဖောင်ကိုတော့ နိုဝင်ဘာလ (၃၀)ရက်၊ ၂၀၂၅ ခုနှစ် (မြန်မာအချိန် ည ၁၁း၅၉ မိနစ်) မှာ ပိတ်သိမ်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် လျှောက်လွှာမပိတ်ခင်လျှောက်ထားဖို့ကိုလဲ တိုက်တွန်းပါရစေ။ ‼️
This Program is designed for young people in Myanmar who are passionate about debating and who love to explore ideas by discussing diverse perspectives and seeking answers through dialogue and critical thinking.
This Debate Competition is organized by Access to Education Myanmar, Kokko Institute and KIMO Institute. We aim to promote an incredible debate culture among Myanmar youth. Through this initiative, we seek to create a space where young leaders can freely express their opinions and analyze issues from multiple viewpoints. Moreover, this initiative program also offers opportunities for youth to share experience, knowledge and valuable networks for future growth and collaboration.
🔷Who is Eligible to Apply?🔷
✅Previous participate in debate training or competition
✅Young people aged 16 to 30 from Myanmar
✅Must have a stable internet connection
📋 Competition Details 📋
🌟 Debate format: Karl Popper Debate
🎙️ Language: Burmese
📍 Venue : Zoom Platform
🗓️ Competition Dates – December 13,14,17,20,21 and 22, 2025
Prizes
🏆Champion: 300,000 MMK
🏆1st Runner-up: 210,000 MMK
🏅Best Speaker Award: 50,000 MMK
🔸Other special prizes will also be awarded.
Only 30 participants will be selected for this competition. If you are interested, you can apply individually or as a team via this following link:
👉https://forms.gle/jQQfsF2t43R3YCcAA
*️⃣This competition will conduct the Karl Popper Debate Format, which requires 3 members per team. Individual participants will also be eligible and the program will assist in forming teams if you are selected.
⏩️Application Deadline- November 30, 2025 (11:59PM, Myanmar Time)







