မင်္ဂလာပါ…။
Access to Education Myanmar ရဲ့ Talk Series အစီအစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတခေါက်မှာတော့ လူငယ်နဲ့ နည်းပညာဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ပြုလုပ်သွားမယ့် “Empowering Youth to Shape the Future Through Technology” ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲတစ်ခု စီစဥ်ထားပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Empowering Youth to Shape the Future Through Technology
နေ့ရက် ။ ။ နိုဝင်ဘာလ (၃၀)ရက်၊ ၂၀၂၅ (တနင်္ဂနွေနေ့)
အချိန် ။ ။ မြန်မာအချိန် ည (၇) နာရီ မှ (၈း၃၀) နာရီ အထိ
ဆွေးနွေးပွဲတွင် အသုံးပြုမည့် ဘာသာစကား ။ ။ မြန်မာ
စာရင်းပေးသွင်းရန် – https://forms.gle/2i55PCQ3R34UXU9u8
တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာ ခေတ်ကြီးမှာနေထိုင်တဲ့ လူငယ်တွေအနေနဲ့ နည်းပညာကို အကျိုးရှိရှိ အသုံးချဖို့ လိုအပ်လာပါတယ်။ အသစ်သစ်ပေါ်လာတဲ့ ဒီနည်းပညာတွေက ကိုယ်သုံးရင်သုံးတတ်သလို အခွင့်အလမ်းများစွာပေးတဲ့ ရင်းမြစ် (source)တခုလည်းဖြစ်ပါတယ်။
နည်းပညာသုံးပြီးပဲ အလုပ်အကိုင်ရှာဖွေမလား၊ ဒါမှမဟုတ် ပညာရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာမလား၊ စသဖြင့် ကိုယ့်လိုအပ်ချက်တော်တော်များများမှာ အသုံးချလို့ရတဲ့အထိ နည်းပညာက အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။
ဒီလိုနည်းပညာတွေကို ဘယ်လိုရှာဖွေအသုံးချရမယ်၊ နည်းပညာကနေတဆင့် လူငယ်တွေရဲ့ စွမ်းရည်တွေကို ဘယ်လိုမြှင့်တင်ပေးရမယ်ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကို နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာ၊ဆရာမ (၃)ဦးကနေပြီး မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ဒီပွဲလေးမှာ မျှဝေဆွေးနွေးပေးသွားမယ့် သူတွေကတော့ ဆရာတိုးတိုးနိုင်၊ ဆရာမအိမွန်ကျော် နဲ့ ဆရာစည်သူဝေ တို့ပဲ ဖြစ်ပါတယ်။
ဆရာတိုးတိုးနိုင် သည် မြန်မာနိုင်ငံအဝှမ်းက အခွင့်အလမ်းနည်းပါးသောဒေသများမှ လူငယ်များ၏ ပညာရေးလက်လှမ်းမီရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ ဆရာတဦး ဖြစ်ပါတယ်။ ဆရာသည် ၂၀၀၇ ခုနှစ်မှစ၍ လူငယ်ဖွံ့ဖြိုးရေး၊ ကလေးလုပ်သားအရေးနှင့် ပတ်သက်ပြီး ပညာရေးစီမံချက်များ နှင့် လူငယ်စွမ်းရည်မြှင့်တင်ရေးအလုပ်များကို ဦးစီးဆောင်ရွက်ခဲ့သူ တဦး ဖြစ်ပါတယ်။ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူငယ်စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းများတွင် ကူညီပံ့ပိုးပေးသူ၊ သင်တန်းနည်းပြ အနေနဲ့ တာဝန်ယူ ဆောင်ရွက်ခဲ့သလို ပညာရေးနဲ့ဆိုင်တဲ့ အစီအစဥ်တွေမှာ ဦီးဆောင် ကြီးကြပ်သူအဖြစ် လည်း တာဝန်ယူ ဆောင်ရွက်ခဲ့သူတဉီး ဖြစ်ပါတယ်။
ဆရာတိုးတိုးသည် Norwegian Refugee Council တွင် အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး သင်တန်းနည်းပြအဖြစ်လည်းကောင်း၊ Teacher Tree Program တွင် Community Outreach Trainer အဖြစ် လည်းကောင်း လုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် YDC ကိုယ်ပိုင်အထက်တန်းကျောင်းကို တည်ထောင်ခဲ့ပြီး ဒု-ကျောင်းအုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိပါတယ်။
ဆရာမအိမွန်ကျော် သည် TET Myanmar ရဲ့ Co-founder တဉီးဖြစ်ပြီး၊ “မုခ်ဦးပညာရေး” တွင် ဆရာအတတ်ပညာသင်ကြားရေးဌာန၏ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျှာက်ရှိသည်။
ဆရာမသည် ပညာရေးနယ်ပယ်တွင် (၉)နှစ်ကျော်ကြာ အတွေ့အကြုံရှိသည့် သင်တန်းနည်းပြ ဆရာမတဦး ဖြစ်ပြီး မြန်မာနိုင်ငံအဝှမ်း နှင့် ထိုင်း-မြန်မာနယ်စပ်မှ ဆရာ/ဆရာမများအတွက် သင်ကြားရေးပိုင်းဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းများကို ဦီးဆောင်သင်ကြားပေးလျှက်ရှိပါတယ်။
ဆရာစည်သူဝေ သည် ပညာရေးနှင့် နည်းပညာပိုင်းဆိုင်ရာ နှံ့စပ်ကျွမ်းကျင်တဲ့သူဖြစ်ပါတယ်။ TET Myanmarရဲ့ Founder တစ်ဦးဖြစ်ပြီး မြန်မာပြည်တဝှမ်းမှာရှိတဲ့ ဆရာ/ဆရာမတွေအတွက် သင်တန်းတွေ၊ လူငယ်တွေအတွက် အခွင့်အလမ်းအများစွာကိုမျှဝေပေးနေတဲ့သူလည်းဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲ စကားဝိုင်းလေးကို တက်ရောက်ဖို့ စိတ်ဝင်စား တယ်ဆိုရင် ဒီ link လေးကနေ https://forms.gle/2i55PCQ3R34UXU9u8 ကြိုတင် စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပွဲမစခင် တရက်အလိုမှာ Zoom link ကို အီးမေးလ်ကနေ ပို့ပေးသွားမှာ ဖြစ်ပါတယ်။
#AccessToEducation #Myanmar
#TalkSeries #TeT_Myanmar

