ဒီအပတ် Access to Education – Myanmar ရဲ့ Talk Series အစီအစဉ်အတွက် မျှဝေပေးဖို့ ဖိတ်ခေါ်ထားတဲ့ သူကတော့ ကမ္ဘောဒီးယားနိုင်ငံသူ Sowinta Kay (Winta) ဖြစ်ပါတယ်။
Winta ဟာ
United World College (UWC) Scholarship နဲ့ သူမရဲ့အထက်တန်းပညာရေးအတွက် နောက်ဆုံးလက်ကျန်နှစ်နှစ်ကို အီတလီနိုင်ငံမှာ တက်ရောက်ခဲ့သူ တဦးဖြစ်ပါတယ်။ အဲဒါအပြင်
Bachelor’s Degree အတွက်ကိုလည်း Davis UWC + Kofi Annan International Scholarships ပညာသင်ဆုတွေနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ Macalester Collage မှာ လေးနှစ်တိတိ ပညာဆည်းပူးခဲ့သူတဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင်
သူမရဲ့ Master’s Degree အတွက်ကိုလည်း Erasmus Mundus scholarship ပညာသင်ဆုရရှိခဲ့ပြီး ဆွီဒင်၊ စပိန် နဲ့ ထိုင်းနိုင်ငံ တွေမှာ ဆက်လက်ဆည်းပူးလေ့လာခဲ့သူ တဦးဖြစ်ပါတယ်။
ဒီအပတ် စကားဝိုင်းမှာတော့ ပညာသင်ဆုရရှိဖို့တွက် လျှောက်လွှာတွေ ပြင်ဆင်ကြတဲ့အခါမှာ “ဘာတွေပြင်ဆင်ရမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ၊ ဘယ်အရာတွေကို သိထားဖို့လိုအပ်မလဲ” စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားကြမှာပါ။ အဲဒါတွေအပြင် Winta အနေနဲ့ နိုင်ငံတကာပညာသင်ဆုတွေကို ဘယ်လိုရှာဖွေခဲ့ရသလဲ၊ ဘယ်အဖွဲ့အစည်းတွေက နိုင်ငံတကာကျောင်းသားတွေအတွက် ဘယ်လို ပညာသင်ဆုမျိုးတွေ ပေးနေသလဲ စတဲ့ အကြောင်းအရာတွေလည်း မျှဝေသွားမှာပါ။
ဒီအစီအစဉ်ဟာ အထက်တန်းမပြီးသေးလို့ ကိုယ့်ရဲ့ပညာရေးတပိုင်းတစခရီးကို ဆက်လက်ပုံဖော်ထုဆစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ၊ Bachelor’s Degree ကို ပညာသင်ဆုအပြည့်နဲ့ ဆက်လက်တက်ရောက်လိုသူ လူငယ်တွေ၊ (ဒါမှမဟုတ်) Master’s Degree အတွက် ပညာသင်ဆု ရှာဖွေနေကြတဲ့ လူငယ်တွေအတွက် ရည်ရွယ် စီစဉ်ထားတဲ့ စကားဝိုင်းအစီအစဉ်ဖြစ်ပါတယ်။
ဒီစကားဝိုင်းအစီအစဉ်ကို တက်ရောက်ဖို့အတွက် စိတ်ဝင်စားတဲ့သူ တဦးဖြစ်တယ်ဆိုရင် အောက်ဖော်ပြပါ [bit.ly/3J0Nb7I] လင့် ကနေ သို့မဟုတ် ပုံပါ QR ကနေတဆင့် သြဂုတ် ၉ ရက်နေ့၊ မြန်မာအချိန် ည (၁၀) နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
________________________________________
Join our talk with Winta to learn about scholarship opportunities and hear practical insights from her application journey.
Access to Education-Myanmar is hosting a talk series titled “Information Session on International Scholarships” on Sunday, August 10th at 7 PM Myanmar time.
Our speaker is Sowinta Kay (Winta) from Cambodia, who will share her experience navigating international scholarships—from studying in Italy during high school, to completing her Bachelor’s degree in the United States, to recently graduating from an Erasmus Mundus Master’s program in Sweden.
The presentation will be in English with translation support available from our team.
Join us to learn about scholarship opportunities, how to research and find information, and get your questions answered about the application process.
Please use the following link [bit.ly/3J0Nb7I] or scan the post to register for the event by the August 9, 2025.




