Access to Education – Myanmar မှ Young Southeast Asian Leaders Initiative အစီအစဉ်တွေမှာ Academic Director အနေနဲ့ နှစ်ပေါင်းများစွာ ပါဝင်လုပ်ဆောင်နေတဲ့ the University of Montana မှ ပါမောက္ခ Dr. Dan Spencer ကို ဖိတ်ခေါ်ပြီး YSEALI အစီအစဉ်ကို လျှောက်တဲ့အခါမှာ သိထားရမယ့် အရာတွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။
Insider Tips for YSEALI Application ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ YSEALI အစီအစဉ်မှာ ထဲထဲဝင်ဝင် နှံ့နှံ့စပ်စပ် ပါဝင်ခဲ့သူတဦးရဲ့ အစီအစဉ်
လျှောက်လွှာတွေကို စစ်ဆေးတဲ့အခါ ဘယ်အချက်တွေကတော့ဖြင့် အစီအစဉ်ရဲ့ လိုအပ်ချက်၊ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီသလဲ၊ ဘယ်သူတွေကဖြင့် သူတို့ရဲ့ လျှောက်လွှာအက်ဆေးတွေကို ဘယ်လိုရေးထားလို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်၊ ဘယ်သူ့ကို ဘာကြောင့်ရွေးချယ်သင့်တယ်၊ စသဖြင့် အကြောင်းအရာ စုံစုံလင်လင် ထည့်သွင်းဆွေးနွေးထားပါတယ်။
ဒီနှစ်အတွက် ခေါ်ယူနေပြီဖြစ်တဲ့ YSEALI အစီအစဉ်ကို လျှောက်ဖို့အတွက် စိတ်ကူးပြင်ဆင်နေတယ်ဆိုရင် ဒီစကားဝိုင်းဆွေးနွေးပွဲဟာ လျှောက်လွှာပြင်ဆင်တဲ့အခါမှာ အထောက်အကူ တစုံတရာ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

