မြန်မာပြည်က လူငယ်တွေအတွက် YSEALI Program ဟာ ရေပန်းစား အလျှောက်များတဲ့ အစီအစဉ်တခုဖြစ်ပြီး နှစ်အဆက်ဆက် ရွေးချယ်ခံရတဲ့ အရေအတွက်လည်း အများကြီး ရှိနေပါပြီ။ ဒီ ၂၀၂၅ ခုနှစ်မှာလည်း Program နဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေမှာ သွားရောက်လေ့လာခဲ့ကြတဲ့ မြန်မာလူငယ်တွေ ရှိခဲ့ပါတယ်။
YSEALI Program ရဲ့ Academic Fellowship အစီအစဉ် နဲ့ Professional Fellowship အစီအစဉ်တွေကို လျှောက်လို့ရနေသေးတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်နေသေးတဲ့အတွက် နိုင်ငံအတွင်းက လူငယ်တွေအတွက် သက်ဆိုင်ရာအစီအစဉ်တွေမှာ ပါဝင်လျှောက်ထားကြတဲ့အခါ ရွေးချယ်ခံရနိုင်သေးတဲ့ အခွင့်အလမ်းတွေ ရှိနေသေးပါတယ်။
အဲဒါကြောင့် ဒီအစီအစဉ်တွေကို ပါဝင်လျှောက်ထားကြမယ့် လူငယ်တွေအတွက် ရည်ရွယ်ပြီး Access To Education – Myanmar ရဲ့ ဒီအပတ် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကိုတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်နယ်အသီးသီးက တက္ကသိုလ်တွေမှာ YSEALI Academic Fellowship အစီအစဉ်နဲ့ သွားရောက်လေ့လာပညာသင်ယူခွင့်ရှိခဲ့ကြတဲ့ Alumni တွေကို ဖိတ်ခေါ်ပြီး Build your Confidence for YSEALI Application ဆိုတဲ့ ခေါင်းစဉ်နဲ့ မျှဝေဆွေးနွေးထားပါတယ်။

