Debate Education Program အတွက် လျှောက်လွှာများခေါ်ယူခြင်း
ယခု ပရိုဂရမ်သည် ဒီဘိတ်သင်တန်း(Debate Training) ပို့ချခြင်း နှင့် ဒီဘိတ်ပြိုင်ပွဲ (Debate Tournament) တို့ ပါဝင်ပြီး နောက်ဆက်တွဲ ဆောင်ရွက်မှုများအနေနဲ့ Debate Club တွင် ဦးဆောင်ပါဝင်ခွင့် ရရှိသွားမည့် အစီစဉ်တခု ဖြစ်ပါတယ်။
သင်တန်းခေါင်းစဉ်။ ။ Enhancing Critical Thinking through Debate
သင်တန်းကာလ ။ ။ (၁၉)ရက်၊ ဂျူလိုင်လ မှ (၁၀) ရက်၊ ဩဂုတ်လ၊ ၂၀၂၅ အထိ။
သင်တန်းရက် ။ ။ အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့ ။
သင်တန်းချိန် ။ ။ မြန်မာအချိန် ညနေ (၂)နာရီ မှ (၄)နာရီ အထိ။
ဘာသာစကား ။ ။ မြန်မာ
သင်တန်းကြေး ။ ။ အခမဲ့။
အသက်အရွယ် ။ ။ ၁၆ နှစ် မှ ၂၃ နှစ်။
ပို့ချမည့်ပုံစံ ။ ။ Online (ZOOM)
ဤသင်တန်းအစီအစဉ်ကို Access To Education – Myanmar မှ KIMO Institute နှင့်အတူ ပူးပေါင်းပြီး လူငယ်တွေအကြား Debate ယဉ်ကျေးမှု စနစ်တကျ ထွန်းကားလာစေဖို့နဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ ဝေဖန်ပိုင်းခြား တွေးခေါ်ပြောဆိုမှုစွမ်းရည်တွေ တိုးမြင့်လာစေဖို့အတွက် ရည်ရွယ်ပြီး စီစဉ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။
Debate ပြုလုပ်ခြင်းရဲ့ အချို့သော လက်တွေ့အကျိုးကျေးဇူးတွေကတော့
Public Speaking စွမ်းရည် ကောင်းမွန်လာမယ်၊
အဆိုပြုချက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို စနစ်တကျ သုံးသပ်ဖော်ထုတ်တတ်လာမယ်၊
ပြီးတော့ ယုံကြည်စိတ်ချရတဲ့အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေနဲ့ သုတေသနစာတမ်းတွေကို စနစ်တကျ ရှာဖွေဖတ်ရှု သုံးသပ်လာနိုင်တဲ့ ကျွမ်းကျင်မှုတွေကို အချိန်တိုအတွင်း တိုးတတ်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
သင်တန်းသားဦးရေ (၃၆)ယောက် အထိသာ ရွေးချယ်သွားမှာဖြစ်ပြီး သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဖော်ပြပါလင့်မှာ bit.ly/4niRjj9 အချက်အလက်တွေကို ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။
လျှောက်လွှာလက်ခံခြင်းကို ဂျူလိုင်လ (၁၀)ရက်၊ ၂၀၂၅၊ မြန်မာ အချိန် ည (၈) နာရီ မှာ ဖောင်ပိတ်သိမ်းသွားမှာ ဖြစ် ပါတယ်။
သင်တန်းသားများကို ရွေးချယ်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ သင်တန်းချိန်တွေကို အပြည့်အဝ တက်ရောက်နိုင်သူများနဲ့ Debate Tournament တွင် ဝင်ရောက် ယှဉ်ပြိုင် အတွေ့အကြုံယူဖို့ စိတ်ဝင်စားသူများကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ပါဝင်သွားကြမယ့်သူတွေကိုလည်း ထိုက်သင့်တဲ့ ဆုတွေကို ပေးအပ်သွားမှာဖြစ်တဲ့အပြင် နောက်ဆက်တွဲ Debate Club တွေမှာ ဦးဆောင်ပါဝင်နိုင်ဖို့ လိုအပ်မယ့် အထောက်အပံ့တွေကိုလည်း ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။![]()
#Debate #Education
#AccessToEducationMyanmar
#KIMOInstitute

