Access to Education-Myanmar မှ ကျောင်းသူကျောင်းသား လူငယ်များအတွက် စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိရန် တထောင့်တနေရာမှ အားထုတ်ကြိုးပမ်းဆောင်ရွက်နေပါတယ်။
လက်ရှိကာလမှာ ပညာရေးရှေ့ဆက်ဖို့ လမ်းပျောက်နေတယ်လို့ ခံစားနေရပါသလား။ ဘဝရည်မှန်းချက်တွေအတွက် ကြိုးစားဖို့ ဝေဝါးနေဆဲမို့ လမ်းစရှာနေသူဖြစ်ပါသလား။ အကြပ်အတည်း အခက်အခဲ အတွင်းမှ ကြိုးစားရုန်းထွက်ပြီး ဘဝမျှော်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် လမ်းဖောက်ဖို့အတွက် လမ်းစရှာရန် ကျွန်ုပ်တို့နဲ့အတူ ဆွေးနွေးစကားဝိုင်းလေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ စိတ်ကူးအိပ်မက်များကို ထုဆစ်ခြင်း
ရက်စွဲ။ ။ ၁၈ မေလ၊ ၂၀၂၅ (တနင်္ဂနွေနေ့)။
အချိန် ။ ။ မြန်မာအချိန် ညနေ (၇)နာရီ။
ဆွေးနွေးမျှဝေပေးမည့်သူ![]()
ကိုဇင်မျိုးကျော်သည် အညာကျေးလက်ဒေသတွင် မွေးဖွားကြီးပျင်းပြီး ပညာရေး၌ ယုံကြည်သက်ဝင်သူ တဦးဖြစ်သည့် အားလျော်စွာ ကိုယ်ထူကိုယ်ထ ပညာရေး ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ နိုင်ငံတကာပညာရေးကျောင်း နှင့် အကျိုးအမြတ်မယူသော ပညာရေး အင်စတီကျူးရှင်း အစရှိသော ပညာရေး နယ်ပယ်များတွင် ဆယ်စုနှစ်တခုကျော်ပါဝင်ဦးဆောင်နေသူတဦးဖြစ်ပါသည်။
ငယ်စဉ်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာဆည်းပူးခဲ့ပြီး မန္တလေးရတနာပုံ တက္ကသိုလ်မှ Bachelor of Arts in Myanmar ဘွဲ့ ရရှိခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ Bard College တွင် Master of Arts in Global Studies ကို လေ့လာနေသူ ဖြစ်ပါသည်။
ဤစကားဝိုင်းတွင် ကိုဇင်မျိုးကျော်၏ ပညာရေးခရီး လျှောက်လှမ်းခဲ့ရသော ဘဝအတွေ့အကြုံများနှင့် ပညာသင်ယူမှု အခွင့်အလမ်းများကို မျှဝေ ဆွေးနွေပေးသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ရန် [ https://tinyurl.com/talkseries001 ] တွင် နှိပ်၍ (သို့မဟုတ်) ပုံပါ QR ကို Scan ဖတ်၍ စာရင်းပေးသွင်းနိုင်ပါတယ်။
#TalkSeries #Learn #Share #Grow
#AccessToEducationMyanmar

