Access to Education – Myanmar အနေနဲ့ ယူကေမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Mosaik Education နဲ့ အတူပူးပေါင်းပြီး လူငယ်တွေရဲ့ အဆင့်မြင့်ပညာရေး အခွင့်အလမ်းတွေရရှိနိုင်ဖို့ စီစဉ်ရေးဆွဲထားတဲ့ Guidance Program အတွက် ကျောင်းသား/သူတွေကို ဝင်ခွင့်လျှောက်လွှာ စတင်လက်ခံနေပါပြီ။
Guidance Program ဆိုတာဘာလဲ။
Guidance Program ဟာဆိုရင် အဆင့်မြင့်ပညာရေး(တက္ကသိုလ် ပညာရေး)ကို ဆက်လက်တက်ရောက်လိုတဲ့ တိုင်းပြည်ရဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် နေရပ်တနေရာကနေ အခြားနေရာဒေသတခုခုကို ရွေ့ပြောင်းအခြေချနေထိုင်နေကြရတဲ့ လူငယ်တွေအတွက်
🔹 တက္ကသိုလ်/အဆင့်မြင့်ပညာရေး လျှောက်တဲ့အခါမှာ လိုအပ်ချက်တွေကို နားလည်နိုင်ရန်
🔹 မိမိ၏ ပညာရေးရည်မှန်းချက်တွေကို သတ်မှတ်နိုင်ရန်
🔹 အဆင့်မြင့်ပညာရေးအခွင့်အလမ်းတွေကို ရှာဖွေပြီး လျှောက်ထားနိုင်ရန်
🔹 လျှောက်လွှာတင်ခြင်းနှင့် ပညာရေးအခွင့်အလမ်းများအတွက် လိုအပ်သော အဆင့်များကို ပြင်ဆင်နိုင်ရန်အတွက် Workshop များမှတစ်ဆင့် လမ်းညွှန်သင်ကြားပို့ချ ပေးသွားမှာပဲ ဖြစ်ပါသည်။

ဘယ်သူတွေလျှောက်ထားလို့ရနိုင်မလဲ?
အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော လူငယ်များ လျှောက်ထားနိုင်ပါသည်။
✅ အသက် 17–24 နှစ်
✅ အနည်းဆုံး အထက်တန်းအောင်လက်မှတ် (သို့) တန်းတူညီမျှမှုရှိတဲ့ ပညာရေးအဆင့်ရှိသူ
✅ တက္ကသိုလ်/အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူရန် ရည်ရွယ်ချက်ရှိသူ
✅ မြန်မာနိုင်ငံ၊ နယ်စပ်ဒေသတွေနှင့် အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်နှင့် ဒုက္ခသည်မဟုတ်သော လူငယ်များ (Refugee and non-refugee youth)
✅ အင်္ဂလိပ်စာကို ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်သူ

သင်တန်းအချက်အလက်
လျှောက်လွှာခေါ်ယူသည့်ကာလ — စက်တင်ဘာလ ၂၁ ရက်မှ ၂၈ ရက်၊ ၂၀၂၆
လျှောက်လွှာများ စိစစ်သုံးသပ်ခြင်း — စက်တင်ဘာလ ၂၉ ရက်မှ ၃၀ ရက်၊ ၂၀၂၆
အင်တာဗျူးမေးမြန်းခြင်း — အောက်တိုဘာလ ၁ ရက်မှ ၅ ရက်၊ ၂၀၂၆
သင်တန်းသားများ ရွေးချယ်ခြင်း — အောက်တိုဘာလ ၆ ရက်၊ ၂၀၂၆
တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုခြင်း — အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆
သင်တန်းစာရင်းသွင်းခြင်း — အောက်တိုဘာလ ၈ ရက်၊ ၂၀၂၆
အစီအစဉ်မိတ်ဆက်ခြင်း — အောက်တိုဘာလ ၉ ရက် (သောကြာနေ့)၊ ၂၀၂၆ | ညနေ ၆:၃၀ – ၈:၀၀ နာရီအထိ
သင်တန်းပို့ချခြင်း — အောက်တိုဘာလ ၁၀ ရက်မှ ၂၅ ရက်၊ ၂၀၂၆ | စုစုပေါင်း သင်တန်းပို့ချမှု ၇ ကြိမ်
ကြိုဆိုခြင်းနှင့်မိတ်ဆက်ခြင်း စတင်မည့်နေ့။ ။အောက်တိုဘာလ (၉) ရက်၊ ၂၀၂၆၊ မြန်မာအချိန် ညနေ ၆း၃၀- ၈း၀၀ နာရီ (သောကြာနေ့)။
သင်တန်းကြေး။ ။ အခမဲ့ ဖြစ်ပြီး ရွေးချယ်ခံရသူများကို communication allowanceထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
လျှောက်လွှာပိတ်ရက်။ ။ စက်တင်ဘာလ (၂၈) ရက်၊ မြန်မာအချိန် ညနေ ၈:၀၀ နာရီ။
အုပ်စု (A)
📅 သောကြာ၊ စနေ နှင့် တနင်္ဂနွေ
⏰မြန်မာချိန် ညနေ ၆:၀၀ နာရီမှ ၈:၃၀ နာရီအထိ
🗓️ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်မှ ၂၅ ရက်အထိ
အုပ်စု (B)
📅 တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နှင့် ကြာသပတေး
⏰ မြန်မာချိန် ညနေ ၆:၀၀ နာရီမှ ၈:၃၀ နာရီအထိ
🗓️ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှ ၂၂ ရက်အထိ
ပါဝင်မည့်သူများအနေဖြင့် မိမိအချိန်အားလပ်မှုနှင့် ကိုက်ညီသော Class Schedule တစ်ခုကို ရွေးချယ်လျှောက်ထားနိုင်ပါသည်။
📌 လျှောက်လွှာတင်ရန်: https://lnkd.in/gvyDDtTU
*လျှောက်လွှာဖောင်၏ ညာဘက်အပေါ်ထောင့်ရှိ Language Option မှတဆင့် English ဘာသာသို့ ပြောင်းလဲအသုံးပြုနိုင်ပါသည်။
Access to Education-Myanmar မှ Shortlisted Candidates များကို Interview ပြုလုပ်ရန် ဆက်သွယ်သွားမည်ဖြစ်ပါသည်။



