မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ လစဥ်ပြုလုပ်လျှက်ရှိတဲ့ Talk Series အစီအစဥ်လေးကနေ တဖန်ပြန်ပြီးကြိုဆိုပါရစေ…။
ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ “လူသားပညာ အေအိုင်ရွာ” ဆိုတဲ့ ခေါင်းစဥ်ပဲဖြစ်ပါတယ်။
လက်ရှိလူ့အဖွဲ့အစည်းမှာ “အေအိုင်”ဟာ နေ့စဉ်ဘဝမှာ အစဉ်ကြားနေရတဲ့ ဝေါဟာရတစ်ခု ဖြစ်လာပါတယ်။ မူလတန်းကျောင်းသားတွေကနေ နည်းပညာနဲ့ နီးစပ်တဲ့ ဘိုးဘိုး၊ ဘွားဘွားတွေအထိ အေအိုင်နဲ့ ထိတွေ့အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ အေအိုင်ရဲ့ ကောင်းချက်၊ ဆိုးချက်တွေကို ကမ္ဘာအဝှမ်းမှာ ဆန်းစစ်နေကြတယ်၊ ဆွေးနွေးငြင်းခုံနေကြတယ်။ ဥပဒေပြုထိန်းကွပ်မှုတွေကိုလည်း ဆွေးနွေးနေကြပါတယ်။ လုပ်ငန်းခွင်မှာ အေအိုင်ကို ဘယ်လိုသုံးမလဲ၊ ကျောင်းတွင်းမှာ ဘယ်လိုသုံးမလဲ၊ လူမှုကွန်ရက်မှာ ဘယ်လိုသုံးမလဲ စတဲ့ အေအိုင်အသုံးပြုပုံ အသွယ်သွယ်ကို သင်ကြားပို့ချမျှဝေနေကြပါတယ်။
ဒါပေမယ့်…
ဒီစကားဝိုင်းမှာ အေအိုင်ဆိုတာ ဘာလဲ၊ အေအိုင်ရဲ့ ကောင်းကျိုးဆိုးကျိုးက ဘာလဲဆိုတာကိုပဲ ဆွေးနွေးမှာ မဟုတ်ပါဘူး။
လက်ရှိကမ္ဘာ့အေအိုင်ရပ်ဝန်း၊ ပညာရေးနဲ့ အေအိုင်အရေးတို့ကို ဆက်စပ်စဉ်းစားပြီး—
- လက်ရှိကမ္ဘာနှင့် အေအိုင်
- ပညာရေးနှင့် အေအိုင်
- လူသားဆန်မှုကို ပြန်လည်အသက်သွင်မှု
စတဲ့ အကြောင်းအရာတွေကို အတူတူ စဉ်းစား၊ ဆွေးနွေး၊ မေးခွန်းထုတ်၊ ငြင်းခုံကြဖို့ ဒီစကားဝိုင်းကို ရည်ရွယ်ထားပါတယ်။
Speaker မိတ်ဆက်
ဆရာသုတသည် အမေရိကန်ပညာရေးအပါအဝင် နိုင်ငံတကာ သင်ကြားရေးနယ်ပယ်မှာ (၁၅)နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။ ဆရာသည် အင်္ဂလိပ်စာပေနှင့် Educational Leadership မဟာဘွဲ့နှစ်ဘွဲ့အပြင် ကလေးသူငယ်စိတ်ကျန်းမာရေးဆိုင်ရာ ပညာရပ်တွေကိုလည်း အထူးပြုလေ့လာထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ Connected Oregon Padauk Education (COPE)ကို တည်ထောင်ထားပြီး မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် ကမ္ဘာ့အဆင့်မီ အရည်အသွေးရှိတဲ့ ပညာရေးကို အခက်အခဲမရှိ သင်ယူနိုင်ဖို့ အင်တိုက်အားဆိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ လူသားပညာ အေအိုင်ရွာ
နေ့ရက် ။ ။ စက်တင်ဘာလ (၁၉)ရက်၊ ၂၀၂၆ (စနေနေ့)
အချိန် ။ ။ မြန်မာအချိန် ည (၇) နာရီ မှ (၈း၃၀) နာရီ အထိ
ဆွေးနွေးပွဲတွင် အသုံးပြုမည့် ဘာသာစကား ။ ။ မြန်မာ
စာရင်းပေးသွင်းရန် – https://forms.gle/z3vjABBXAiDVwF4VA
မှတ်ချက်။ ။ စာရင်းပေးသွင်းရာတွင် ၁၇ ရက်နေ့ မြန်မာအချိန် ည ၁၀ နာရီ နောက်ဆုံးထားပေးသွင်းပါရန်။
“အနာဂတ်ကို ယုံကြည်သူတိုင်း၊ မေးခွန်းထုတ်ချင်သူတိုင်း၊ မတူညီတဲ့အမြင်တွေကို မျှဝေချင်သူတိုင်း
လာရောက်ဆွေးနွေးငြင်းခုံနိုင်ပါတယ် ခင်ဗျာ။ အိပ်ပျော်ပါစေ၊ စိတ်ပျော်ပါစေ… 🌿။”
– ဆရာ သုတ


