မင်္ဂလာပါ…။ ဒီတခေါက်မှာတော့ စာဖတ်ရတာကို မြတ်နိုးပြီး မိမိရဲ့ အတွေးအခေါ်တွေ၊ ခံစားချက်တွေကို စာသားတွေ ကဗျာတွေအဖြစ် ဟိုတစဒီတစရေးရတာ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ကျွန်တော်တို့ Access to Education–Myanmar မှ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းမှာ ပြုလုပ်သွားမယ့် “စာဖတ်ဝိုင်း” အမှတ်စဉ် (၂) မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီအစီအစဉ်က လူငယ်တွေရဲ့ စာဖတ်ခြင်း အလေ့အထကို မြှင့်တင်ပေးနိုင်ရန်သာမက စာအုပ် တွေကို ချဥ်းကပ်ပြီး ကိုယ့်ရဲ့အမြင် နဲ့ ခံစားချက်ကို ဖွင့်ဟဆွေးနွေးတတ်တဲ့ အလေ့အထကောင်းတခုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။
ဒါ့အပြင် စာတွေ ကဗျာတွေ အတူတူ ကြိုးစားရေးကြမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် ယခုအစီအစဉ်ကို လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
စာဖတ်ဝိုင်း အစီအစဉ်
အချိန်။ ။ မြန်မာအချိန် ညနေ ၆း၃၀ နာရီမှ ည ၈း၀၀ နာရီ အထိ။
နေ့ရက်။ ။ အပတ်စဉ် တနင်္ဂနွေနေ့။
နေရာ။ ။ Online (ZOOM platform )
ဘာသာစကား။ ။ မြန်မာဘာသာစကား
စတင်မည့်ရက်။ ။ ဇွန်လ ၂၈ ရက်နေ့၊ ၂၀၂၆။
ပြီးဆုံးမည့်ရက်။ ။ အောက်တိုဘာလ ၄ ရက်နေ့၊ ၂၀၂၆။
ကြာချိန်။ ။ စုစုပေါင်း (၁၅) ပတ်။
စာရင်းပေးသွင်းရန်လင့်။ ။ https://forms.gle/v5oEtomgymBciWmC9
ဒီစာဖတ်ဝိုင်းမှာ ဘာတွေလုပ်ရမှာလဲ?
Free Writing & Creative Writing : မိမိစိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာနဲ့ တီထွင်ဖန်တီး ရေးသားခြင်း၊Reading Pieces : ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးနဲ့ လုံးချင်းဝတ္ထုတွေကို ဖတ်ရှုပြီး မိမိအမြင်ကို ဆွေးနွေးဖလှယ်ခြင်း၊
Publication Opportunity : မိမိကိုယ်တိုင်ရေးသားထားတဲ့ ဆောင်းပါး၊ ကဗျာတွေကို Access to Education−Myanmar ရဲ့ Website မှာ တင်ပြပေးခြင်း။
လျှောက်ထားနိုင်သူများအတွက် သတ်မှတ်ချက်များ
လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီရပါမည်။
– အသက် ၁၆ နှစ်မှ ၂၅ နှစ် အတွင်းရှိသူ ဖြစ်ရပါမည်။
– စာဖတ်ခြင်းနှင့် စာရေးခြင်းကို အမှန်တကယ် စိတ်ဝင်စားသူ ဖြစ်ရပါမည်။
– အခြေခံ အင်္ဂလိပ်စာ (Basic Level of English) ရှိရပါမည်။
– သင်တန်းကာလအတွင်း တက်ကြွစွာ ပါဝင်ဆွေးနွေးနိုင်သူ (Active Participation) ဖြစ်ရပါမည်။
– သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရပါမည်။
– Zoom Application ကို အသုံးပြုတတ်ပြီး အင်တာနက် ကောင်းမွန်စွာရရှိသူဖြစ်ရပါမည်။
စာဖတ်ဝိုင်းတွင် တက်ရောက်သူ အယောက်စီတိုင်း ပြည့်ဝစွာ ပါဝင်ဆွေးနွေးခွင့်ရနိုင်ရန် အတွက် လျှောက်ထားသူများထဲမှ (၁၀-၁၅) ဦးကိုသာ ရွေးချယ်လက်ခံပေးသွားမှာမို့ လျှောက်လွှာပါ အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပေးဖို့လည်း လိုပါမယ်နော်။
လျှောက်လွှာ ပိတ်မည့်ရက် ။ ။ ဇွန်လ ၁၅ ရက်နေ့၊ ၂၀၂၆၊ မြန်မာအချိန် ည (၁၁း၅၉) နာရီ။
လျှောက်ထားသူများထဲမှ ဤ “အပတ်စဉ် စာဖတ်ဝိုင်း” အစီစဉ်တွင် ပါဝင်ရန် ရွေးချယ်ခံရသူများကို ဇွန်လ ၂၀ ရက်နေ့တွင် အီးမေးလ်မှ တဆင့် ဆက်သွယ် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။


