မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ Talk Series အစီအစဥ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတကြိမ် စကားဝိုင်းကိုတော့ “Liberal Arts Beyond the Classroom” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ယခုစကားဝိုင်းမှာတော့ Liberal Arts (အနုဝိဇ္ဇာ) ပညာရေးက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြဿနာတွေကို ဖြေရှင်းရာမှာ လူငယ်တွေအတွက် ဘယ်လိုမျိုး အရေးပါလဲဆိုတာကို လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ပြီး ဆွေးနွေးသွားမှာပါ။
ဒါ့အပြင် Liberal Arts ပညာရေးဆိုတာ အတန်းစာမေးပွဲ အောင်မြင်ရေးအတွက်သာ မဟုတ်ဘဲ လူတဦးတယောက်ချင်းစီရဲ့ ပြဿနာအကြောင်းအရာတွေအပေါ် စဉ်းစားတွေးခေါ်ပုံ၊ ဆက်သွယ်ပြောဆိုပုံနှင့် လူမှုအသိုင်းအဝိုင်း တိုးတက်ပြောင်းလဲရေးအတွက် တာဝန်ယူတတ်သည့် စိတ်ထားကို ဖော်ဆောင်ပေးနိုင်တဲ့ ပညာရေးတခုအနေနဲ့ ဘယ်လို အကျိုးပြုနိုင်သလဲ ဆိုတဲ့ မေးခွန်းတွေကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးမျှဝေပေးမည့်သူ ကိုဇင်မျိုးကျော်ဟာ အညာကျေးလက်ဒေသတခုမှာ မွေးဖွားကြီးပြင်းလာသူဖြစ်ပြီး ပညာရေးနဲ့ သက်ဆိုင်တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ နိုင်ငံတကာပညာရေးကျောင်း နှင့် non-profit institutions စတဲ့ ပညာရေး နယ်ပယ်တွေမှာ ဆယ်စုနှစ်တခုကျော်မက ပါဝင်ဦးဆောင်နေသူ တဦးဖြစ်ပါတယ်။
ကိုဇင်မျိုးကျော် ကိုယ်တိုင်ကလည်း ငယ်စဉ်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အထက်တန်းပညာဆည်းပူးခဲ့ပြီး မန္တလေးရတနာပုံ တက္ကသိုလ်မှ Bachelor of Arts (Myanmar) ဘွဲ့ကို ရရှိခဲ့ပြီး၊ အမေရိကန်နိုင်ငံ အထင်ကရ Liberal Arts ကျောင်းတကျောင်းဖြစ်တဲ့ Bard College ကနေ Global Studies နဲ့ မဟာဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။
ဒီစကားဝိုင်းမှာတော့ ကိုဇင်မျိုးကျော်က ဘာကြောင့် Liberal Arts ပညာရေးဟာ အခု မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ လူငယ်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအတွက် အရေးကြီးသလဲဆိုတာကို သူ့ရဲ့ အတွ့အကြုံနဲ့ ယှဥ်ပြီး ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Liberal Arts Beyond the Classroom
နေ့ရက်။ ။ (၂၀) ရက်၊ မေလ၊ ၂၀၂၆။ (ဗုဒ္ဓဟူးနေ့)။
အချိန်။ ။ မြန်မာအချိန် ည (၆း၃၀)နာရီ။
နေရာ။ ။ အွန်လိုင်း (Zoom)။
ဆွေးနွေးမည့်ဘာသာစကား။ ။ မြန်မာ
စာရင်းပေးရန်လင့်။ ။ https://forms.gle/u13LDVdFon9bSeks5
ဒီဆွေးနွေးပွဲ စကားဝိုင်းလေးကို တက်ရောက်ဖို့ စိတ်ဝင်စား တယ်ဆိုရင် ဒီ link https://forms.gle/u13LDVdFon9bSeks5 လေးကနေကြိုတင် စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ပွဲမစခင် တရက်အလိုမှာ Zoom link ကို အီးမေးလ်ကနေ ပို့ပေးသွားမှာ ဖြစ်ပါတယ်။


