Access to Education-Myanmar မှ ဖွင့်လှစ်လျှက်ရှိတဲ့ Learning and Mentorship Program [Batch-3] အတွက် ကျောင်းသူ/ကျောင်းသားသစ်တွေကို ဝင်ခွင့်လျှောက်လွှာများ စတင်လက်ခံနေပါပြီ။
ယခုသင်တန်းအစီအစဉ်ဟာဆိုရင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အခက်အခဲအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်နည်းပါးတဲ့၊ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် ကိုယ့်ရဲ့ ပညာရေးလမ်းခရီးကို ရပ်တန့်ထားရတဲ့ လူငယ်တွေအတွက် စဥ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်တဲ့ ပညာရေး လက်လှမ်းမှီရရှိဖို့ အခွင့်အရေးကောင်းတခု ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ Learning and Mentorship Program (LMP) ဟာဆိုရင် (၃) လတာ ကာလအတွင်း ကျောင်းသူ/သားတွေရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့်၊ ကွန်ရက်ချိတ်ဆက်မှုတွေအတွက်ကို ကူညီပံ့ပိုးပေးမည့် အစီအစဉ်တခုပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သင်တန်းအစီအစဉ်တလျှောက်လုံးမှာလည်း ကျောင်းသူ/ကျောင်းသားများရဲ့ ဘဝတိုးတက်ရေး၊ ပညာရေးနှင့် သက်မွေးဝမ်းကြောင်းဆိုင်ရာ ရွေးချယ်၊ပြင်ဆင်၊လေ့ကျင့်နိုင်ရန် အတွက် အနီးကပ်လမ်းညွှန်မှုပေးမည့် Mentor များနှင့် ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်နိုင်ရန်လည်း ကူညီထောက်ပံ့ပေးသွားမှာပဲ ဖြစ်ပါတယ်။

သင်တန်းအချက်အလက်
ကြိုဆိုခြင်း နှင့်မိတ်ဆက်ခြင်း စတင်မည့်နေ့။ ။ ဇွန်လ (၁၄) ရက်နေ့၊ ၂၀၂၆ | (မြန်မာအချိန် ညနေ ၆း၃၀ နာရီ)
ပရိုဂရမ် တက်ရောက်ရန် အချိန်ဇယား။ ။ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ။
ပရိုဂရမ် စတင်တက်ရောက်ရမည့်နေ့။ ။ ဇွန်လ (၁၅) ရက်နေ့၊ ၂၀၂၆။
ပရိုဂရမ် ပြီးဆုံးမည့်နေ့။ ။ စက်တင်ဘာလ (၁၁) ရက်နေ့၊ ၂၀၂၆။
အတန်းချိန်။ ။ နေ့စဉ် မြန်မာအချိန် ညနေ ၆:၃၀ နာရီ မှ ၈:၃၀ နာရီ အထိ။
သင်ကြားပေးမည့် နေရာ။ ။ Zoom Plattform
သင်တန်းကြေး။ ။ အခမဲ့ ဖြစ်ပြီး ရွေးချယ်ခံရသူများကို လစဉ် communication allowance ၈၀,၀၀၀ (ရှစ်သောင်း) ကျပ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
လျှောက်လွှာပိတ်ရက်။ ။ မေလ (၁၇) ရက်၊ မြန်မာအချိန် ည ၁၁:၀၀ နာရီ။
ဘယ်သူတွေ လျှောက်ထားလို့ရမလဲ။
1️⃣ အသက် ၁၆ မှ ၂၅ အတွင်းရှိသူ ဖြစ်ရပါမယ်။
2️⃣ အင်္ဂလိပ်စာ အရေး၊အပြော Intermediate အဆင့်ရှိသူဖြစ်ပြီး ပညာရေးအခွင့်အလမ်းနည်းပါးသူဖြစ်ရပါမယ်။
3️⃣ အွန်လိုင်းသင်တန်းဖြစ်သည့်အတွက် သင်တန်းတက်ရောက်ရန်အတွက် ကောင်းမွန်တဲ့ အင်တာနက်ရှိသူဖြစ်ရပါမယ်။
4️⃣ သင်တန်းအပေါ် စိတ်ဝင်စားမှုရှိပြီး သင်တန်းအစအဆုံး တက်ရောက်နိုင်သူ ဖြစ်ရပါမယ်။

သင်တန်းလျှောက်လွှာဘယ်လိုတင်မလဲ
ဤသင်တန်းကို တက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ နည်းလမ်းနှစ်ခုအနက် တခုကို အသုံးပြု၍ လျှောက်ထားနိုင်ပါသည်။
နည်းလမ်း-၁။ အောက်ပါ Google Application Form ( https://forms.gle/CpRcd3z4aL69GSS78 ) တွင် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်းပြီး တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
နည်းလမ်း – ၂။ အောက်ဖော်ပြပါလင့်တွင် https://tinyurl.com/accesstoedu-LMP-batch-3 သင်တန်းလျှောက်လွှာဖောင်ကို ဒေါင်းလုပ် (download) ရယူ၍ ဖြေဆိုရမည့် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်းပြီး Access to Education Myanmar ၏ အီးမေလ်လိပ်စာဖြစ်သည့် accesstoeducation.mm@gmail.com သို့ “Application for Learning and Mentorship Program – Cohort 3” ဟု လိပ်မူ၍ အီးမေလ်းပေးပို့ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာများကို မေလ (၁၇) ရက်နေ့ မြန်မာအချိန်ည (၁၁း၀၀) နာရီအချိန် နောက်ဆုံးထား၍ စာရင်းပေးသွင်း လျှောက်ထားရမည်ဖြစ်သည်။
အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကို email မှတဆင့် ဆက်သွယ်အကြောင်းကြားမည်ဖြစ်သဖြင့် မိမိတို့၏ အီးမေလ်းလိပ်စာများကို သေသေချာချာ မှန်မှန်ကန်ကန် ထည့်သွင်းလျှောက်ထားရန် လိုအပ်ပါသည်။


