မင်္ဂလာပါ…။ Access to Education – Myanmar ရဲ့ လစဥ်ပြုလုပ်လျှက်ရှိတဲ့ Talk Series အစီအစဥ်လေးကနေ တဖန်ကြိုဆိုလိုက်ပါတယ်။
ဒီတခေါက် ပြုလုပ်သွားမယ့် Talk Seriesရဲ့ ခေါင်းစဥ်ကတော့ Education Without Fear “ကြောက်စိတ်ကင်းဝေး ပညာရေး” ဆိုတဲ့ ခေါင်းစဥ်ပဲဖြစ်ပါတယ်။
ပညာရေးလို့ပြောလို့ရှိရင် လူတိုင်းကို ငယ်ငယ်ကတည်းကနေ အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ ပြုပြင်ပေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခေတ်အခြေအနေတိုးတက်ပြောင်းလဲလာတာနဲ့မျှ အမြင်တွေ၊ တွေးခေါ်မှုတွေ အသစ်ဖြစ်လာသလို မေးခွန်းထုတ်စရာများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီထဲမှာ ပညာရေးက တခုအပါအဝင်ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပညာရေးရဲ့ အခြေခံလုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ အရည်အချင်းစစ်စာမေးပွဲတွေ၊ စာမေးပွဲရလဒ်တိုင်းတာမှုတွေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြောက်တရားအပေါ်အခြေခံတဲ့ သင်ကြားရေးနည်းစနစ်တွေက ၂၁ရာစုရဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ အသုံးတည့်သေးရဲ့လားဆိုတဲ့ အဖြေရှာစရာ မေးခွန်းပုစ္ဆာတွေရှိလာခဲ့ပါတယ်။ ဒီမေးခွန်းတွေနဲ့ဆက်စပ်ပြီး ပညာရေးရဲ့ အဓိပ္ပါယ်နဲ့ တကယ့်အနှစ်သာရကဘာလဲ၊ စာမေးပွဲအခြေခံတဲ့ ပညာရေးက တကယ်ပဲ အသုံးဝင်သေးလား၊ သင်ကြားရေးမှာ အသုံးပြုတဲ့ အကြောက်တရားကရော ကျောင်းသားတွေအတွက် တကယ်ပဲ အထောက်အကူပြုရဲ့လားဆိုတဲ့ မေးခွန်းတွေကို ဆရာသုတ ကနေပြီး ဝေဝေဆာဆာ ဆွေးနွေးဖြေကြားပေးသွားမှာဖြစ်ပါတယ်။
Speaker မိတ်ဆက်…
ဆရာသုတသည် အမေရိကန်ပညာရေးအပါအဝင် နိုင်ငံတကာ သင်ကြားရေးနယ်ပယ်မှာ (၁၅)နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။ ဆရာသည် အင်္ဂလိပ်စာပေနှင့် Educational Leadership မဟာဘွဲ့နှစ်ဘွဲ့အပြင် ကလေးသူငယ်စိတ်ကျန်းမာရေးဆိုင်ရာ ပညာရပ်တွေကိုလည်း အထူးပြုလေ့လာထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ Connected Oregon Padauk Education (COPE)ကို တည်ထောင်ထားပြီး မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် ကမ္ဘာ့အဆင့်မီ အရည်အသွေးရှိတဲ့ ပညာရေးကို အခက်အခဲမရှိ သင်ယူနိုင်ဖို့ အင်တိုက်အားဆိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဉ်။ ။ Education Without Fear
နေ့ရက် ။ ။ ဒီဇင်ဘာလ (၂၇)ရက်၊ ၂၀၂၅ (စနေနေ့)
အချိန် ။ ။ မြန်မာအချိန် ည (၇) နာရီ မှ (၈း၃၀) နာရီ အထိ
ဆွေးနွေးပွဲတွင် အသုံးပြုမည့် ဘာသာစကား ။ ။ မြန်မာ
စာရင်းပေးသွင်းရန် –
https://forms.gle/NJuSGteNUbtcV4YW8
ဒီဆွေးနွေးပွဲ စကားဝိုင်းလေးကို တက်ရောက်ဖို့ စိတ်ဝင်စား တယ်ဆိုရင် ဒီ link လေးကနေ https://forms.gle/NJuSGteNUbtcV4YW8 ကြိုတင် စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပွဲမစခင် တစ်ရက်အလိုမှာ Zoom link ကို အီးမေးလ်ကနေ ပို့ပေးသွားမှာ ဖြစ်ပါတယ်။

