မင်္ဂလာပါ…
Access to Education Myanmar အဖွဲ့ရဲ့ လုပ်ငန်း အစီအစဉ်တွေမှာ ပါဝင်အားဖြည့်ပေးနိုင်ဖို့အတွက် Program Assistant နှင့် Teaching Assistant နေရာတွေအတွက် အလုပ်သင် ခေါ်ယူနေပါတယ်။
ယခု Internship အစီအစဉ်ဟာဆိုရင် ကျောင်းသား/လူငယ်တွအတွက် အလုပ်အကိုင် သို့မဟုတ် ပညာသင်ဆုများ လျှောက်ရာတွင် လိုအပ်တဲ့ profile ကောင်းတခု တည်ဆောက်နိုင်ရန်သာမက တကယ့်လုပ်ငန်းခွင်တွေမှာ လက်တွေ့အသုံးချနိုင်မည့် အတွေ့အကြုံနှင့် အချိတ်အဆက်ကွန်ယက်ကောင်းများ တည်ဆောက်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။
ဒါ့အပြင် အလုပ်သင်ကာလ တလျှောက်လုံးမှာလည်း မိမိ၏ ပညာရေးနှင့် အလုပ်ကိုင်အခွင့်အလမ်းများအတွက် လိုအပ်တဲ့ လမ်းညွှန်ကြီးကြပ်မှုနှင့် အထောက်အပံများကိုလည်း ပံပိုးပေးနိုင်ရန် ရည်ရွယ်ပါတယ်။
အသေးစိတ်အချက်အလက်
Position ။ ။ Program Assistant (unpaid)၊
Teaching Assistant (unpaid)
တည်နေရာ ။ ။ အွန်လိုင်း
အလုပ်ချိန် ။ ။ အချိန်ပိုင်း (တစ်ပတ်လျှင် ၁၀ နာရီ)
အလုပ်သင်ကာလ ။ ။ (၄) လ (ဇန်နဝါရီ-ဧပြီ၊ ၂၀၂၆)
လျှောက်လွှာပိတ်ရက် ။ ။ (၇)ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅
ခေါ်ယူနေသော အလုပ်အကြောင်း အသေးစိတ်ဖတ်ရှုရန် ![]()
Program Assistant – https://drive.google.com/…/1nnnr54QEgXqfIh1cfYr…/view…
Teaching Assistant – https://drive.google.com/…/1o8eL…/view…
မိမိစိတ်ဝင်စားသော Position အတွက် Cover Letter နှင့် အတူ CV/Resume ကို accesstoedu.mm@gmail.com သို့ အီးမေးလ်ပေးပို့ပြီး ဒီဇင်ဘာ (၇) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။

